
ကစားသမားဘဝက အနားယူထားတဲ့ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ဒေးဗစ်ဆေးလ်ဗားဟာ ဟောင်ကောင်ကလပ် ရှားတင်အသင်းနဲ့ ကာလတိုစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
အသက်(၄၀)ရှိပြီဖြစ်တဲ့ ဒေးဗစ်ဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့အတူ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သူဖြစ်ပြီး စပိန်အသင်းနဲ့လည်း ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ ယူရို-၂၀၀၈၊ ယူရို-၂၀၁၂ ချန်ပီယံဆုတွေ ရယူနိုင်ခဲ့သူပါ။
ဗလင်စီယာအသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အစပြုခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗားက ၂၀၂၃ နွေရာသီမှာ ဆိုစီဒက်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့တာပါ။
ဒါပေမဲ့ အောက်တိုဘာ(၇)ရက်နေ့မှာတော့ ဟောင်ကောင်ပရီးမီးယားလိဂ်ကလပ် ရှားတင်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဟောင်ကောင်မှာ ဘောလုံးကစားရမယ့်အခြေအနေအတွက် အရမ်းစိတ်လှုပ်ရှားကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ရှားတင်အသင်းဟာ ဒီရာသီ ဟောင်ကောင်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၈)နေရာ ရပ်တည်နေပြီး လာမယ့်ပွဲစဉ်ကို အောက်တိုဘာ(၁၈)ရက်နေ့မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။