
ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းခေါင်းဆောင် ဂိုးသမား နော်ယာနေရာ အစားထိုးဖို့ ဂိုးသမားသစ် ရှာဖွေနေရာမှာ နယူးကာဆယ်အသင်းရဲ့ အင်္ဂလန်ဂိုးသမား နစ်ပုပ်လည်း ပါဝင်နေကြောင်း သိရပါတယ်။
ဂျာမန်ဂိုးသမား နော်ယာ(၄၀ နှစ်)က ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လမ်းခွဲဖို့ စီစဉ်ထားပါတယ်။
ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းက အစားထိုးခေါ်ယူဖို့အတွက် ဂိုးသမားအတော်များများကို ပစ်မှတ်ထားနေရာမှာ လေနို၊ ကီဗင်ထရပ်၊ ရူအီဆေးလ်ဗားတို့နဲ့အတူ နစ်ပုပ်လည်း ပါဝင်နေတာပါ။
အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၁၀)ပွဲ ကစားခွင့်ရထားတဲ့ နစ်ပုပ်က နယူးကာဆယ်အသင်းနဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။
နစ်ပုပ်က ပြီးခဲ့တဲ့ရာသီအထိ နယူးကာဆယ်အသင်းရဲ့ နံပါတ်(၁)ဂိုးသမား ဖြစ်ခဲ့ပေမဲ့ ဒီရာသီမှာတော့ ဂိုးသမားသစ် ဟော်နီဆက်ခ်က နံပါတ်(၁)ဂိုးသမား ဖြစ်သွားပါတယ်။
ဒါကြောင့် နစ်ပုပ်(၃၄ နှစ်)က ရာသီကုန်မှာ လမ်းခွဲပြီး စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ဖို့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။