Eleven Media Group

ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ စပါးကစားသမားဟောင်း ဗီဂါ ကြေညာ

Photo: X

စပါးအသင်းမှာ (၄)နှစ်ကြာ ကစားခဲ့ဖူးတဲ့ ဆွစ်ဇာလန်လက်ရွေးစင် နောက်ခံလူဟောင်း ရာမွန်ဗီဂါက လာမယ့် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။
ဗီဂါက ဆဲလ်တစ်နဲ့ ဝက်ဖို့ဒ်အသင်းတွေမှာလည်း ကစားခဲ့ဖူးပြီး စပါးအသင်းမှာတော့ ၁၉၉၇ ကနေ ၂၀၀၁ အထိ ကစားခဲ့တာပါ။
၂၀၀၄ ခုနှစ်မှာ ဘောလုံးသမားဘဝက အနားယူခဲ့ပြီးချိန်ကတည်းက စီးပွားရေးသမားအဖြစ် ရပ်တည်နေခဲ့တဲ့ ဗီဂါက ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အတည်ပြုခဲ့တဲ့ ပထမဆုံးလူပုဂ္ဂိုလ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဗီဂါက ၂၀၁၅ ခုနှစ် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမှာကတည်းက ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားခဲ့ကြောင်းလည်း သိရပါတယ်။
လက်ရှိအချိန်မှာ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှယ်ယာကို ရောင်းထုတ်ဖို့ စီစဉ်ခဲ့တဲ့လုပ်ရပ်ကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပြီး လာမယ့်ရွေးကောက်ပွဲမှာ ထပ်မံရွေးချယ်ခံရဖို့ မလွယ်တော့ဘူးလို့ သုံးသပ်ခံထားရပါတယ်။
လာမယ့် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့မှာ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group