
ဗြိတိန်နိုင်ငံရှိ တိရိစ္ဆာန်ရုံတစ်ရုံတွင် ကျားခြံဝင်းအတွင်းဝင်ခဲ့သည့် အမျိုးသားတစ်ဦးကို ဆိုက်ဘေးရီးယား ကျားတစ်ကောင်က ကိုက်ခဲခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒန်ကက်စတာမြို့အနီးရှိ ယော့ရှိုင်းယား တောရိုင်းတိရိစ္ဆာန်ရုံ ကာကွယ်ထိန်းသိမ်းရေးဥယျာဉ်တွင် အောက် တိုဘာ ၁၀ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျားခြံဝင်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည့် အမျိုးသားကို ကျားက တိုက်ခိုက်ခဲ့သဖြင့် အဆိုပါ အမျိုးသားသည် ဒဏ်ရာများပြင်းထန်စွာရသွားခဲ့ကြောင်း ဆောက်သ်ယော့ရှိုင်း ယား ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထို့နောက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာခဲ့သော်လည်း ယင်းအမျိုးသားသည် အခင်းဖြစ်ပွား သည့်နေရာမှာပင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်ကြောင့် ကျားကို လှောင်ချိုင့်ထဲ ထိန်းသိမ်းထားခဲ့ပြီး အများပြည်သူအတွက် အန္တရာယ်မရှိကြောင်းနှင့် တိရိစ္ဆာန်ဥယျာဉ်သို့ လာရောက်လည်ပတ်သူအားလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထိုတိရိစ္ဆာန်ဥယျာဉ်တွင် ဆိုက်ဘေးရီးယားကျား အကောင်ရေ ၅၀၀ ခန့်ကို ထိန်းသိမ်းစောင့်ရှောက်ထား ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Ref:AFP,Photos-AME News