Eleven Media Group

■ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်က ICC ကို အမေရိကန်ကပိတ်ဆို့မှု လက်မခံနိုင်စရာဟု ရှုတ်ချ

နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို အမေရိကန်က ယခုတစ်ခါ ကျယ်ကျယ်ပြန့်ပြန့် အရေးယူပိတ်ဆို့လိုက်မှုသည် အဓိပ္ပါယ်မဲ့ပြီး လက်မခံနိုင်စရာဖြစ်ကြောင်း ၂၀၂၆ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နာဗီပီလေး က ရှုတ်ချပြော ဆိုလိုက်သည်။

တောင်အာဖရိကနိုင်ငံသူ ICC တရားသူကြီးဟောင်း ပီလေးသည် ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာဥပဒေကို မြှင့်တင်ဆောင်ရွက်ခဲ့မှုများအတွက် အောက်တိုဘာ ၉ ရက်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရသည်။

နိုဘယ်ဆုကြေညာချက် ထွက်လာပြီး နာရီပိုင်းအကြာတွင် အမေရိကန်သမ္မတဒေါ် နယ်ထရန့်က ၎င်း၏ မကျေနပ်မှုကို ဖော်ပြခဲ့သည်။ ထို့နောက် ICC တစ်ခုလုံးကို ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ထရန့် အစိုးရက ကြေညာခဲ့သည်။

အောက်တိုဘာ ၁၀ ရက်က အော်စလိုမြို့ရှိ နိုဘယ်ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု တွင် ပီလေးက ဗီဒီယိုမိန့်ခွန်းဖြင့် ပြောကြားရာ၌ နိုင်ငံတကာတရားရုံးများ အထူးသဖြင့် သည်ဟိတ်မြို့အခြေ စိုက် ICC ၏ ရပ်တည်နေမှုအပေါ် တင်းမာမှုများနှင့် စိုးရိမ်ပူပန်မှုများ အလွန်များပြားနေသည်ဟု ပြောကြားခဲ့သည်။

“အရေးအကြီးဆုံးကတော့ တရားသူကြီးတွေကို နိုင်ငံတစ်နိုင်ငံက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ကြောင်း ကြေညာခဲ့တာပါပဲ။ တရားစီရင်ရေး အမိန့်တွေကို ဆောင်ရွက်နေတဲ့ တရားသူကြီးတွေအတွက်တော့ ဒါဟာ လက်မခံနိုင်စရာပဲ” ဟုလည်း ပီနေးက ပြောကြားခဲ့သည်။

အမေရိကန်သည် ICC တရားသူကြီး ၁၇ ဦးနှင့် အရာရှိများကို ယခင်က ပိတ်ဆို့ထားပြီးဖြစ်သည်။ အသက် ၈၅ နှစ်အရွယ် ပီလေးသည် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ ဖူးသည်။

အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ကာကွယ်ပေးခဲ့သူ ပီလေးသည် နယ်လ်ဆင်မန်ဒဲလားနှင့် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးတို့၏ ခြေရာကိုလိုက်ပြီး တောင်အာဖရိကနိုင်ငံ၏ ပဥ္စမမြောက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖြစ်လာခဲ့သည်။

Ref:BBC,Photo:Reuters

 

မူရင်းသတင်း — Eleven Media Group