
အင်အားပြင်းထန်လာသောအယ်နီညိုသည် စက်တင်ဘာလထဲတွင် ပစိဖိတ်၏အဓိကဇုန်တွင် အပူချိန် စံချိန်ချိုးခဲ့သည်ဟု အီးယူ ရာသီဥတုစောင့်ကြည့်ရေးအစီအစဥ်ကအောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်လိုက်ပြီး ယင်းသည် မိုးလေ၀သပုံစံ ထူးထူးခြားခြား အင်အားကောင်းလာသည့် နောက်ထပ်လက္ခဏာတစ်ခုဖြစ်သည်ဟု ဆိုသည်။
ကမ္ဘာတစ်၀န်း မိုးလေ၀သခန့်မှန်းသူများက ယခုအယ်နီညိုသည် ဖြစ်ပေါ်ခဲ့ဖူးသမျှထဲတွင် အင်အားအပြင်းထန်ဆုံးဖြစ်လာနိုင်သည်ဟု သတိပေးထားသည်မှာ လချီရှိပြီဖြစ်သည်။ အယ်နီညိုသည် ယခုနှစ်ကုန်ပိုင်းတွင် အမြင့်ဆုံးအဆင့်ကို မရောက်သေးသည့်တိုင် နောက်ဆုံးရရှိထားသောအချက်အလက်များသည် စံချိန်ချိုးခဲ့သည်။
သဘာ၀ရာသီဥတုသံသရာ၏ပူနွေးသော ဖြစ်စဉ်ဖြစ်သည့် အယ်နီညိုသည် အပူပိုင်းပစိဖိတ်တွင် သမုဒ္ဒရာရေမျက်နှာပြင် အပူချိန်ကို မြင့်တက်စေရာ ယင်းသို့ဖြစ်ခြင်းက မိုးလေ၀သကို အပြောင်းအလဲများ ဖြစ်ပေါ်စေပြီး မိုးခေါင်မှုနှင့် ရေကြီးမှု အန္တရာယ်ကို မြင့်တက်စေသည့်အပြင် လူတို့ကြောင့်ဖြစ်ရသည့် တစ်ကမ္ဘာလုံးပူနွေးမှုကို ပိုမိုဆိုးရွားစေသည်။
အယ်နီညိုဖြစ်စဉ်ကို စောင်ကြည့်နေသည့် Nino 3.4 ဇုန်တွင် ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် လွန်ခဲ့သောလတွင် စံချိန်တင်အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၉ ဒသမ ၇၀ ဒီဂရီဆဲလ်စီယပ်အထိရှိခဲ့သည်ဟု ကိုပါနိကပ်စ်ရာသီရာသီဥတုပြောင်းလဲမှုစောင့်ကြည့်ရေးအစီအစဥ်ကပြောကြားခဲ့သည်။
ယင်းသည် ယခင်တုန်းက အားကောင်း သောအယ်နီညိုဖြစ်စဉ်များဖြစ်ပေါ်ခဲ့သည့် ၁၉၈၂/၈၃၊ ၁၉၉၇/၉၈၊ ၂၀၂၅/၂၆ တို့တုန်းက ဖြစ်ခဲ့သည့်အပူချိန်များထက်ပိုများခဲ့ရာ လက်ရှိအယ်နီညိုက သိသိသာပြင်းထန်နေသည်ကို ဖော်ပြနေကြောင်းကိုပါနိကပ်စ်ကဆိုပါသည်။
လက်ရှိအယ်နီညိုသည် မှတ်တမ်းတင်ထားသမျှအပြင်းထန်ဆုံးဟု မပြောနိုင်သေးကြောင်း ကိုပါနိကပ်စ်က ပြောသည်။
ရာသီဥတုပြောင်းလဲမှုကသမုဒ္ဒရာရေ မျက်နှာပြင်အပူချိန်များကို မြင့်တက်စေသောကြောင့် မကြာသေးမီကဖြစ်ပေါ်သော အယ်နီညိုဖြစ်စဉ်များသည်အတိတ်တွင်ဖြစ်ပေါ်ခဲ့သည့်အယ်နီညိုဖြစ်စဉ်များထက်ပိုမိုအင်အားကောင်းစေနိုင်ပြီးသမိုင်းကြောင်းဆိုင်ရာနှိုင်းယှဉ်မှုများကိုရှုပ်ထွေးစေသည်။
Ref:AFP