
VeVe အမှတ်တံဆိပ် စတော်ဘယ်ရီအရသာနို့ဗူးအား စျေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (အောက်တိုဘာ ၁၄ ရက်) တွင် သတိပေးချက် ထုတ်ပြန်သည်။
Ocean Super Center မှ ကောက်ယူခဲ့သည့် VeVe အမှတ်တံဆိပ် စတော်ဘယ်ရီအရသာနို့ဗူးတွင် အစားအသောက် ထပ်ဖြည့်ပစ္စည်း Sodium Cyclamate ပါဝင်မှုသည် (322.64 ppm) ပါဝင်၍ သတ်မှတ်ပမာဏထက် (MaX: 250 ppm) ကျော်လွှန်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု အဆိုပါ သတိပေးချက်တွင် ပါရှိသည်။
အဆိုပါ VeVe အမှတ်တံဆိပ် စတော်ဘယ်ရီအရသာနို့ဗူးအား ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှ Green Circle မှ ထုတ်လုပ်ခြင်းဖြစ်ပြီး ရက်စွဲအမှတ်အသား Exp: 3-4-27 ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ သတိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။