Eleven Media Group

နဂါးနီတံဆိပ် ပုန်းရည်ကြီး၊ အော်ရိုရာတံဆိပ် မက်မန်းသီးချိုချဉ်၊ နန်းတွင်းသူတံဆိပ် ငရုတ််သီးအစိမ်းမှုန့်နှင့် ဒီဒီတံဆိပ် နို့ဒိန်ချဉ်လိမ္မော်အရသာ စသည့်စားသောက်ကုန်များကို စျေးကွက်မှ ပြန်လည်ရုတ်သိမ်းရန် FDA သတိပေး

နဂါးနီတံဆိပ် ပုန်းရည်ကြီး၊ အော်ရိုရာတံဆိပ် မက်မန်းသီးချိုချဉ်၊ နန်းတွင်းသူတံဆိပ် ငရုတ််သီးအစိမ်းမှုန့်နှင့် ဒီဒီတံဆိပ် နို့ဒိန်ချဉ်လိမ္မော်အရသာအချိုရည်် စသည့်စားသောက်ကုန်များကို စျေးကွက်မှ ပြန်လည်ရုတ်သိမ်းရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ယနေ့ (အောက်တိုဘာ ၁၄ ရက်) တွင် သတိပေးချက် ထုတ်ပြန်သည်။

ကျောက်တန်းမြို့နယ် မြို့မစျေးမှ ကောက်ယူခဲ့သည့် နဂါးနီတံဆိပ်ပုန်းရည်ကြီးတွင် အစားအသောက် ထပ်ဖြည့်ပစ္စည်း Benzoic ပါဝင်မှုသည် (3440.4 mg/kg) ပါဝင်၍ သတ်မှတ်ပမာဏထက် (100 mg/kg) ကျော်လွန်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း၊ ယင်းပုန်းရည်ကြီးသည် ညောင်ဦးမြို့မှ ထုတ်လုပ်ကြောင်း သိရသည်။

အလားတူ Ocean Super Center မှ ကောက်ယူခဲ့သည့် အော်ရိုရာတံဆိပ် မက်မန်းသီးချိုချဉ်တွွင် အစားအသောက် ထပ်ဖြည့်ပစ္စည်း Sodium Cyclamate ပါဝင်မှုသည် (4271.99 ppm) ပါဝင်၍ သတ်မှတ်ပမာဏထက် (MaX: 1000 ppm) ကျော်လွန်သည်ဟု စစ်ဆေးတွေ့ရှိကြောင်း၊ ယင်းအော်ရိုရာတံဆိပ် မက်မန်းသီးချိုချဉ်သည် မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ ပုသိမ်မြို့ ဗွေချိန်ခွင်ကုန်စုံဆိုုင်မှ ကောက်ယူခဲ့သည့် နန်းတွွင်းသူငရုတ်သီးအစိမ်းမှုန့်တွင် Aflatoxin B1 ပါဝင်မှုသည် (42.76 ppb) ပါဝင်၍ သတ်မှတ်ပမာဏထက် (<20 ppb) ကျော်လွန်သည်ဟု စစ်ဆေးတွေ့ရှိကြောင်း၊ ယင်းနန်းတွွင်းသူငရုတ်သီးအစိမ်းမှုန့်သည့် ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် Ocean Super Center မှ ကောက်ယူခဲ့သည့် De De တံဆိပ် နို့ဒိန်ချဉ်လိမ္မော်အနံ့အရသာသည် အစားအသောက် ထပ်ဖြည့်ပစ္စည်း အစားအသောက် ထပ်ဖြည့်ပစ္စည်း Sodium Benzoate ပါဝင်မှုသည် (352.72 ppm) ပါဝင်၍ သတ်မှတ်ပမာဏထက် (MaX: 300 ppm) ကျော်လွန်ခြင်းနှင့် Sodium Cyclamate ပါဝင်မှုသည် (318.69 ppm) ပါဝင်၍ သတ်မှတ်ပမာဏထက် (MaX: 250 ppm) ကျော်လွန်သည်ဟု စစ်ဆေးတွေ့ရှိကြောင်း၊ ယင်းDe De တံဆိပ် နို့ဒိန်ချဉ်လိမ္မော်အနံ့အရသာသည် ရန်ကုန်တိုင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း) အရှေ့ဒဂုန်စက်မှုဇုန်မှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group