
အောက်တိုဘာ - ၂၆ ( တနင်္လာနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ နော်ဝေနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပြီး၊ အော်စလိုမြို့မှာရှိတဲ့ နော်ဝေနိုဘယ်ဆုရွေးချယ်ရေးကော်မတီက သူ့ကို ငြိမ်းချမ်းရေးဆု မပေးခဲ့တဲ့အတွက် နော်ဝေနိုင်ငံဟာ "အမှိုက်ပုံနိုင်ငံ" ဖြစ်သွားပြီဖြစ်ပြီး နော်ဝေလူမျိုး တွေ အမေရိကန်ပြည်ထောင်စုကို ဝင်လာရင် လက်မခံဘူးလို့ ပြောကြားလိုက်ပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် မစ်ရှီဂန်ပြည်နယ်၊ ပို့ရှူရွန်မြို့မှာ ကျင်းပတဲ့ နိုင်ငံရေး လူထုစုဝေးပွဲတစ်ခုမှာ ထရမ့်က အခုလို မှတ်ချက်ပေးခဲ့တာပါ။
ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေဟာ လူဝင်မှုကြီးကြပ်ရေးကြောင့်လို့ ဆိုရင်းနဲ့ သူဟာ အချို့နိုင်ငံတွေက ပြည်ဝင်အသစ်တွေကို ကြိုဆိုပေမယ့် နော်ဝေက လူတွေကိုတော့ "ငါ နိုဘယ်ဆု မရခဲ့လို့ပါ... ဒါကြောင့် နော်ဝေက ဘယ်သူ့ကိုမှ မလာစေချင်ဘူး" ဆိုပြီး ပြောဆိုခဲ့ပါတယ်။
နော်ဝေပြည်ဝင်အသစ်တွေနဲ့ ပတ်သက်လို့ ထရမ့်အစိုးရအနေနဲ့ တရားဝင် မူဝါဒအသစ်တစ်ခု ချမှတ်နေတယ်ဆိုတဲ့ အရိပ်အယောင်တော့ မရှိသေးပါဘူး။ "တကယ်တော့ နော်ဝေဟာ အမှိုက်ပုံနိုင်ငံတစ်ခု ဖြစ်သွားပါပြီ" လို့ ထရမ့်က ပြောခဲ့ပြီး၊ ဒီစကားလုံးကို ဟေတီ၊ လစ်ဗျား၊ ဆိုမာလီနဲ့ ယီမင်နိုင်ငံတွေအပေါ်မှာလည်း အရင်က သုံးဖူးပါတယ်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အချက်အလက်တွေအရ နော်ဝေနိုင်ငံဟာ လူတစ်ဦးချင်းအလိုက် ဂျီဒီပီ (တိုင်ပြည်ဝင်ငွေ) အမြင့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ နော်ဝေနိုင်ငံရဲ့ အစိုးရပိုင် စည်းစိမ်ဥစ္စာ ရန်ပုံငွေ ဟာ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွက် စံချိန်တင် အမြတ်ငွေ နော်ဝေငွေ ခရို ၁.၇၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၈၄.၃ ဘီလီယံ) ရရှိထားခဲ့ပါတယ်။
နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နော်ဝေနိုဘယ်ကော်မတီ ကိုယ်စားလှယ်တို့ကတော့ ရုံးချိန်ပြင်ပဖြစ်တာကြောင့် သတင်းဌာနတွေရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပါဘူး။
REF: Japan Today
#News #Myanmar