
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးတို့၏ တွေ့ဆုံပွဲကို မကြာမီစီစဉ်လိမ့်မည်ဟု အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ထရန့်၏အစိုးရက ရုရှား-ယူကရိန်းစစ်ပွဲ ပြီးဆုံးရန်ရည်ရွယ်သော သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် သမ္မတဒေါ်နယ်ထရန့်၏ အထက်ပါပြောစကား ထွက်ပေါ်လာခြင်းဖြစ်သည်။
"တွေ့ဆုံတာကိုတော့ မကြာမီ စီစဉ်ပါလိမ့်မယ်။ တိုးတက်မှု များများစားစားရလာနိုင်တယ်လို့ ထင်ပါတယ်"ဟု ထရန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ရပ်ဆိုင်းနေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် ရည်ရွယ်သည့်အနေဖြင့် ယူကရိန်း၊ အမေရိကန်၊ ရုရှားတို့၏ သုံးပွင့်ဆိုင်ဆွေးနွေးပွဲသည် နိုဝင်ဘာလထဲတွင် ဖြစ်လာလိမ့်မည်ဟု ဇယ်လန်းစကီးက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
သုံးနိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလထဲတွင် ယူအေအီး၌ ပြုလုပ်ရန်စီစဉ်ထားသည်ဟု ရုရှားက ယခင်တုန်းက ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို ကျူးကျော်ရန် ညွှန်ကြားခဲ့သော ပူတင်က ဇယ်လန်းစကီးနှင့် တွေ့ဆုံဆွေးနွေးရန် တောက်လျောက်ပယ်ချခဲ့သည်။ ဇယ်လန်းစကီးနှင့် ဆွေးနွေးမည့်အစား မော်စကိုက ယူကရိန်းအရှေ့ပိုင်း၏ ကျန်သောနေရာများကို သိမ်းပိုက်ရန် ရည်ရွယ်ကြောင်း ပြောဆိုထားသည်။
Ref: AFP