CarsDB

Chery က မော်ဒယ်သစ် iCaur V27 EREV ကို တရုတ်ပြည်တွင် ဒေါ်လာ ၂၈၃၀၀ ဖြင့် စတင်ရောင်းချ

Chery ၏ iCar brand သည် ၎င်း၏ SUV မော်ဒယ် iCar V27 ၏ long-range ဗားရှင်းကို စက်တင်ဘာ ၃၀ တွင် တရားဝင်စတင်ရောင်းချလာသည်။

ယခုမော်ဒယ်ကို နိုင်ငံတကာဈေးကွက်တွင် iCaur V27 ဟူသောအမည်ဖြင့် ဖြန့်ချိသည်။

ယခု Extended -range (EREV) powertrain တွင် ရွေးချယ်စရာ ၂ မျိုးလာပြီး ဈေးနှုန်းများမှာ ယွမ် ၁၈၉၈၀၀ (ဒေါ်လာ ၂၈၃၀၀) နှင့် ယွမ် ၂၀၃၈၀၀ (ဒေါ်လာ ၃၀၄၀၀) တို့ ဖြစ်သည်။

((Performance ပိုင်း))

iCar V27 တွင် 1.5T range-extender အင်ဂျင်နှင့် မော်တာ ၂ လုံးတို့ ပေါင်းစပ်ထားသည်။

အင်ဂျင်မှာ အထွက်အား 115 kW ရှိပြီး မော်တာ ၂ လုံး၏ စုစုပေါင်းအထွက်အားမှာ 335 kW (449 hp) ဖြစ်သည်။

CATL ထုတ် 51.2 kWh LFP ဘက်ထရီသုံးထားပြီး လျှပ်စစ်သီးသန့်ဖြင့် ကီလို ၃၀၀ မောင်းနိုင်သည်။

ယခင်ရှိရင်းစွဲ မော်ဒယ်များမှာ နောက်ယက်တွင် လျှပ်စစ်သီးသန့်ဖြင့် ကီလို ၂၁၀ မောင်းနိုင်ပြီး AWD ဗားရှင်းတွင် လျှပ်စစ်သီးသန့်ဖြင့် ကီလို ၂၀၀ မောင်းနိုင်သည်။
အရွယ်အစားမှာ 5,055/1,976/1,894 mm ရှိပြီး wheelbase မှာ 2,910 mm ဖြစ်သည်။

(V27 ၏ ဘေးဖက်နှင့် နောက်ဖက်)

((ဒီဇိုင်းပိုင်း))

V27 တွင် iCar ၏ “Future-Classic” design language ကို သုံးထားပြီး ကျဉ်းမြောင်းသော ရှေ့ grille၊ စတုရန်းပုံ ရှေ့မီးတွင် စက်ဝိုင်းသဏ္ဍာန် LED မီးတန်းကို အသုံးပြုထားသည်။

အတွင်းခန်းတွင် ၁၅ ဒသမ ၄ လက်မ 2.5K central control screen နှင့် ၈ ဒသမ ၈၈ လက်မ digital instrument cluster တို့ သုံးထားပြီး အားလုံးကို Qualcomm Snapdragon 8295P chip (30 TOPS AI computing power) ဖြင့် ထိန်းချုပ်ထားသည်။

The infotainment system တွင် ၄ နေရာ voice recognition စနစ်၊ ကြိုးမဲ့စနစ်ဖြင့် ကား၏ screen တွင်း ဖုန်းမှ screen mirror ရယူနိုင်သောစနစ် (CarPlay, HiCar, CarLink) နှင့် ကြိုးဖြင့် ချိတ်ဆက် ဂိမ်းကစားနိုင်သည့် စနစ်တို့ ပါဝင်သည်။

Comfort feature များအနေဖြင့် လေဝင်လေထွက်၊ အပူပေးနှင့် အနှိပ်စနစ်များပါသော zero-gravity ခုံများ သုံးထားသည်။

V27 ၏ အတွင်းဒီဇိုင်းသည် မကြာသေးမီက ကျင်းပခဲ့သော 2026 Torino Automotive Design Award (TADA) ဆုပေးပွဲတွင် အကောင်းဆုံးအတွင်းဒီဇိုင်းဆု ရရှိထားသည်။

((Intelligence စနစ်))

“Super Falcon 700+” intelligent driving system ကို သုံးထားပြီး sensor များအနေဖြင့် Hesai LiDAR ၁ ခု၊ millimetre-wave ရေဒါ ၃ ခု၊ ultrasonic ရေဒါ ၁၂ ခု၊ 8-megapixel ကင်မရာ ၂ ခုနှင့် 3-megapixel ကင်မရာ ၉ ခု ပါဝင်သည်။

(iCar V27 ၏ အတွင်းပိုင်း)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Chery’s iCaur V27 EREV with 300 km EV range launched in China, starting at 28,300 USD (carnewschina)

မူရင်းသတင်း — CarsDB