CarsDB

၁၀၀၃ ကီလိုမောင်းနိုင်သည့် Denza N8 EV ကို တရုတ်ပြည်တွင် pre-order စတင်ရောင်းချ

BYD ၏ အမှတ်တံဆိပ်တစ်ခုဖြစ်သော Denza သည် မော်ဒယ်သစ် N8 EV ကို pre-order တရားဝင် စတင်ရောင်းချပေးနေပြီ ဖြစ်သည်။

လာမည့် နိုဝင်ဘာလတွင် တရားဝင် ဖြန့်ချိရောင်းချသွားရန် စီစဉ်ထားသည်။

Pre-sale ဈေးနှုန်းကိုမူ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိချေ။ နှိုင်းယှဉ်ချက်အားဖြင့် ကြည့်မည်ဆိုလျှင် ယခုမော်ဒယ် Denza N8 နှင့် ဘက်ထရီ အရွယ်အစား တူညီပြီး N8 ထက် အလျား ၅၀ မီလီမီတာ ပိုရှည်သည့် Denza N8L ၏ အနိမ့်ဆုံးဈေးမှာ ယွမ် ၂၉၉,၈၀၀ (ဒေါ်လာ ၄၄,၁၀၀) မှ စသည်။

((ဒီဇိုင်းပိုင်း))

• အရွယ်အစား= 5,150/1,999/1,820 mm နှင့် wheelbase မှာ 3,075 mm ရှိသည်။
• ထိုင်ခုံ= 5-seat
• အပြင်ပိုင်း= Split ရှေ့မီးကြီးများ၊ active air intake နှင့် ၂၀ သို့မဟုတ် ၂၁ လက်မ ဘီးများ သုံးထားသည်။ အရောင်ရွေးစရာအနေဖြင့် တရောင်တည်း ၄ မျိုးနှင့် ၂ ရောင်စပ် ၄ မျိုးလာသည်။

((အတွင်းပိုင်း))

မျက်နှာပြင်များ (Screens) - လက်မ ၃၀ screen ကြီးတစ်ခုနှင့် ၁ ဒသမ ၁ မီတာရှိ "Sky Screen" တို့ ပါဝင်သည်။

Comfort အတွက်ဆိုလျှင် လေဝင်လေထွက်၊ အပူပေးနှင့် အနှိပ်စနစ်တို့ ပါဝင်သော "zero-gravity" ၄ ခုံ ပါဝင်ပြီး ရှေ့ထိုင်ခုံများကို ၁၆၅ ဒီဂရီ၊ နောက်ထိုင်ခုံများကို ၁၄၆ ဒီဂရီအထိ လှဲချနိုင်သည်။

အခြား Amenities များအနေဖြင့် 50W ကြိုးမဲ့ဖုန်းအားသွင်းစနစ် ၂ ခု၊ Devialet အသံစနစ်၊ နောက်ခန်းအတွက် entertainment screen များနှင့် ရေခဲသေတ္တာတို့ ရှိသည်။

((Performance ပိုင်း))

Powertrain ပိုင်းကို ကြည့်မည်ဆိုလျှင် မော်တာတစ်လုံးတပ် နောက်ယက် (320 kW/429 hp or 370 kW/496 hp) နှင့် မော်တာသုံးလုံးတပ် AWD flagship တို့ လာပြီး 890 kW (1,193 hp) ထွက်သည်။

ဘက်ထရီနှင့် မောင်းနိုင်မည့် range= Flash charging (အမြန်အားသွင်းစနစ်) ပါဝင်သည့် ဒုတိယမျိုးဆက် Blade ဘက်ထရီကို အသုံးပြု ထားသည်။ 130.15 kWh နှင့် 105.79 kWh ဟု ဘက်ထရီ ၂ မျိုးလာပြီး ဘက်ထရီအပေါ် မူတည်ကာ တစ်ကြိမ်အားသွင်းလျှင် ၁,၀၀၃ ကီလို၊ ၉၇၀ ကီလို၊ ၈၄၀ ကီလိုနှင့် ၈၀၀ ကီလိုမီတာ အသီးသီး မောင်းနှင်နိုင်သည်။

(Denza N8 ၏ အတွင်းပိုင်း)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD’s new Denza N8 EV pre-orders open in China: 1,003 km CLTC range, 1,193 hp and Flash Charging (carnewschina)

မူရင်းသတင်း — CarsDB