
ကားထုတ်လုပ်သူတို့ ထုတ်ပြန်လာသော အချက်အလက်များအပေါ် အခြေခံပြီး Car News China က ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း စွမ်းအင်သစ်ယာဉ် (NEV) ရောင်းအားအဆင့် ရပ်တည်ချက်ကို ဖော်ပြလာသည်။
အဆိုပါ ဖော်ပြချက်အရ BYD မှာ ထိပ်ဆုံးတွင် ရပ်တည်နေပြီး ၎င်း၏နောက် ဒုတိယနေရာတွင် Geely Galaxy က ရပ်တည်နေသည်။
BYD သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း တကမ္ဘာလုံးအတိုင်းအတာ ရောင်းအား ကားအစင်းရေ ၄၅၆၇၁၃ (အိမ်စီးကား) ရှိခဲ့သည်။
ယင်းအနက် အစင်းရေ ၁၈၃၅၇၀ မှာ PHEV များဖြစ်ပြီး အစင်းရေ ၂၇၃၁၄၃ မှာ လျှပ်စစ်ကားစစ်စစ်များ ဖြစ်သည်။
ရှန်ကျန်းမြို့အခြေစိုက် BYD သည် စက်တင်ဘာလအတွင်း ကားအစင်းရေ ၁၈၀၇၀၀ စင်း ပြည်ပသို့ တင်ပို့ခဲ့သည်။
၂၀၂၆ ခုနှစ် ပထမ ၉ လတာအတွင်း BYD က ရောင်းချခဲ့ရသော ကားအစင်းရေ စုစုပေါင်းမှာ ၃,၀၇၈,၄၉၀ ဖြစ်သည်။
ဒုတိယနေရာတွင် ရပ်တည်နေသော Geely Galaxy သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း အစင်းရေ ၁၃၀၄၇၉ ဖြန့်ချိခဲ့သည်။
Leapmotor ၏ စက်တင်ဘာလ ရောင်းအားမှာ ၁၀၅၆၅၆ စင်းဖြစ်ပြီး ယခင်လထက် ၅၉ ရာခိုင်နှုန်း မြင့်တက်လာသည်။
စက်တင်ဘာလအတွင်း Leapmotor ရောင်းချခဲ့သည့် ကားများအနက် အစင်းရေ ၂၇,၀၀၀ မှာ ပြည်ပတွင် ရောင်းချခဲ့ခြင်းဖြစ်သည်။
ယခုနှစ် ၉ လတာအတွင်း Leapmotor ရောင်းချခဲ့သည့် ကားအစင်းရေ စုစုပေါင်းမှာ ၆၆၅၅၃၉ ဖြစ်သည်။ Leapmotor သည် ၂၀၂၆ ခုနှစ်အတွင်း အစင်းရေ ၁ သန်း ရောင်းချနိုင်ရန် ရည်မှန်းထားရာ ရည်မှန်းချက်၏ ၆၆ ဒသမ ၇ ရာခိုင်နှုန်း ပြည့်မီခဲ့ပြီ ဖြစ်သည်။
(Changan Nevo က အစင်းရေ ၄၅၆၀၇ စင်း ရောင်းချထားရသည်။)
Xpeng ၏ တကမ္ဘာလုံးရောင်းအားမှာ အစင်းရေ ၄၁၂၅၆ ဖြစ်ရာ ယခင်နှစ် အလားတူကာလထက် ရောင်းအား ၅ ရာခိုင်နှုန်း မြင့်တက်လာသည်။
Xiaomi ၏ ရောင်းအားမှာ အစင်းရေ ၄၀၀၀၀ ဖြစ်ပြီး ထိုပမာဏတွင် Skynomad SUV ရောင်းအား အစင်းရေ ၁၀၀၀၀ ပါဝင်သည်။
ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ Xiaomi Auto ၏ စုစုပေါင်း ရောင်းအားမှာ အစင်းရေ ၂၆၉,၀၀၀ ဖြစ်သည်။ Xiaomi က ယခုနှစ်အတွင်း အစင်းရေ ၅၅၀,၀၀၀ ရောင်းချနိုင်ရန် ရည်မှန်းထားရာ ရည်မှန်းချက်၏ ၄၈ ဒသမ ၉ ရာခိုင်နှုန်းသို့ ရောက်ရှိနေသည်။
Huawei ၏ ကားအရောင်းကွန်ရက်ဖြစ်သော HIMA (Harmony Intelligent Mobility Alliance) က စက်တင်ဘာလအတွင်း အစင်းရေ ၃၇၄၉၀ ရောင်းချထားရသည်။
ထိုပမာဏတွင် Aito, Luxeed, Stelato, Maextro နှင့် Saic (Shangjie) အမှတ်တံဆိပ်တို့၏ ရောင်းအားများ ပေါင်းစပ်ထားသည်။
HIMA ၏ ၂၀၂၆ ပထမ ၉ လ စုစုပေါင်းရောင်းအားမှာ အစင်းရေ ၃၆၇၂၂၉ စင်း ဖြစ်သည်။
အောက်တွင် စက်တင်ဘာလအတွင်း တရုတ်ပြည်၏ အရောင်းရဆုံး ကားထုတ်လုပ်သူများနှင့် ရောင်းချခဲ့ရသည့် ပမာဏကို ဖော်ပြထားပါသည်။
1.BYD- ၄၅၆၇၁၃ စင်း
2.Geely Galaxy-၁၃၀၄၇၉ စင်း
3.Leapmotor-၁၀၅၆၅၆ စင်း
4.Changan Nevo-၄၅၆၀၇ စင်း
5.Xpeng-၄၁၂၅၆ စင်း
6.Xiaomi - အစင်းရေ ၄၀,၀၀၀ ဝန်းကျင်
7.HIMA- ၃၇၄၉၀ စင်း
8.Nio- ၃၇၄၀၈ စင်း
9.Zeekr-၃၇၂၁၆ စင်း
10.GAC Aion- ၃၅၄၉၄ စင်း
11.Li Auto- ၃၁၈၁၇ စင်း
12.Deepal-၃၀၁၈၅ စင်း
13.BAIC NEV-၂၄၀၈၀ စင်း
14.Lynk & Co-၁၈၄၉၃ စင်း
15.Voyah-၁၃၀၂၅ စင်း
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Chinese NEV sales rankings in September 2026: BYD, Geely Galaxy, Leapmotor (carnewschina)