CarsDB

ကားအင်ဂျင်အပူချိန် အလွန်အမင်း တက်လာတဲ့အခါ (Overheating) ချက်ချင်း ဘာတွေ လုပ်သင့်သလဲ? 🌡️🔥

ခရီးရှည်မောင်းနေစဉ် သို့မဟုတ် မြို့တွင်းပိတ်ဆို့မှုတွေကြားထဲမှာ ကားမိုင်တိုင်ဘုတ်က အပူချိန်ညွှန်တံ (Temperature Gauge) က အနီရောင်ဇုန်ဆီ ရောက်သွားတာမျိုး (သို့မဟုတ်) အင်ဂျင်ခန်းထဲကနေ ရေငွေ့တွေ ထွက်လာတာမျိုး ကြုံဖူးကြလားဗျာ 🤔

ကားအင်ဂျင် အပူလွန်ကဲလာပြီဆိုရင် ပေါ့ဆလို့ လုံးဝမရဘဲ
အင်ဂျင်တစ်လုံးလုံး ပျက်စီးသွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားပါတယ်။
အဲဒီလို အခြေအနေမျိုး ကြုံလာရရင် ချက်ချင်း လုပ်ဆောင်သင့်တဲ့ အဓိက အချက်တွေကတော့ -

၁။ ယာဉ်ကို ဘေးကင်းရာမှာ ချက်ချင်း ရပ်တန့်ပါ (Pull Over safely) 🛑

ကားကို လမ်းဘေး လုံခြုံတဲ့နေရာမှာ ရပ်ပြီး အင်ဂျင်ကို ရပ်လိုက်ပါ။

ဒါပေမဲ့ အင်ဂျင်ဝိုင်နဲ့ ရေတိုင်ကီ အပူချိန်ချက်ချင်း ကျသွားစေဖို့ စက်ကို ချက်ချင်းမပိတ်ဘဲ အဲကွန်းပိတ်ပြီး အနည်းငယ် ဆက်ထားပေးနိုင်ပါတယ်(သို့မဟုတ်) စက်သတ်ပြီး အင်ဂျင်အအေးခံစနစ်ကို အလုပ်လုပ်ခွင့် ပေးရပါမယ်။

၂။ ရေတိုင်ကီ အဖုံးကို ချက်ချင်း ဖွင့်ဖို့ လုံးဝ မကြိုးစားပါနဲ့ ⚠️💧

ပူနေတဲ့ ရေတိုင်ကီ (Radiator) အဖုံးကို ချက်ချင်း ဖွင့်လိုက်ရင် ဖိအားကြောင့် ပူပြင်းတဲ့ ရေနွေးငွေ့တွေနဲ့ ရေတွေ မျက်နှာပေါ် လွင့်စင်လာပြီးဆိုးဝါးတဲ့ ထိခိုက်ဒဏ်ရာ ရရှိစေနိုင်ပါတယ်။

အင်ဂျင် လုံးဝ အေးသွားတဲ့အထိ အနည်းဆုံး မိနစ် (၃၀) ခန့် စောင့်ဆိုင်းရပါမယ်။

၃။ ရေတိုင်ကီ ရေနဲ့ Coolant ပမာဏကို စစ်ဆေးပါ ⚙️🧊

အင်ဂျင်အေးသွားမှသာ ရေတိုင်ကီ ရေအိုးထဲကို ရေ သို့မဟုတ် Coolant ဖြည့်သွင်းပါ။

ရေယိုစိမ့်တဲ့နေရာ (Leaks) ရှိမရှိနဲ့ ရေတိုင်ကီပန်ကာ (Radiator Fan) အလုပ်လုပ်ရဲ့လားဆိုတာကိုပါ စစ်ဆေးသင့်ပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

မူရင်းသတင်း — CarsDB