CarsDB

Li Auto က ၂၀၂၆ နှစ်ကုန်ပိုင်းတွင် ထိုင်းဈေးကွက်သို့ ဝင်ရောက်ရန် စီစဉ်

တရုတ်ပြည်၏ high-end brand ဖြစ်သော Li Auto သည် ထိုင်းဈေးကွက်သို့ ၂၀၂၆ နှစ်ကုန်ပိုင်းတွင် ဝင်ရောက်မည်ဖြစ်သည်။

ပေကျင်းအခြေစိုက် Li Auto အတွက် မကာအို၊ စင်္ကာပူတို့နှင့်အတူ ထိုင်းမှာ ၎င်း၏ ပထမဆုံးသော ညာမောင်းဈေးကွက်များတွင် တစ်ခုအပါအဝင် ဖြစ်လာမည် ဖြစ်သည်။

ထိုင်းဈေးကွက်သို့ ဝင်ရောက်မည့် သတင်းအချက်အလက်ကို Li Auto ၏ ပြည်ပ ပြည်သူ့ဆက်ဆံရေး မန်နေဂျာက CarNewsChina သတင်းဌာနနှင့် အခြားသော ကမ္ဘာ့သတင်းမီဒီယာများသို့ ထုတ်ပြန်ပြောပြခဲ့ခြင်း ဖြစ်သည်။

ထိုင်းဈေးကွက်တွင် ရောင်းချပေးမည့် ကားများစာရင်းကိုမူ မထုတ်ပြန်သေးချေ။

သို့သော် ၎င်း၏ ညာမောင်း ကားမော်ဒယ် ၂ ခုဖြစ်သော Mega M

PV နှင့် i6 SUV တို့ကို ဖြန့်ချိသွားမည်ဟု Li Auto က ပြောခဲ့ဖူးသည်။

(Li Auto Mega ကို တွေ့ရပုံ။ ဓာတ်ပုံ Credit: Li Auto)

Li Auto Mega minivan က ပြည်ပဈေးကွက်အတွက် ထုတ်လုပ်သော variant မှာ အရွယ်အစား ကြီးမားပြီး 5350/1965/1850 mm ရှိကာ wheelbase မှာ 3,300 mm ရှိသည်။

Mercedes-Benz V-Class အောက် ၂၀ မီလီမီတာမျှသာ အလျားတိုသည်။

ထိုင်ခုံ အခင်းအကျင်းမှာ seven-seat ဖြစ်ပြီး 2+2+3 ပုံစံ ဖြစ်သည်။

ပထမတန်းနှင့် ဒုတိယတန်း ထိုင်ခုံများတွင် ၁၆ နေရာ အနှိပ်စနစ်ပါဝင်ပြီး center console တွင် ၁၅ ဒသမ ၇ လက် screen ၂ ခု ရှိသည်။

Li Auto Mega တွင် လျှပ်စစ်မော်တာ ၂ လုံးအသုံးပြုထားပြီး စုစုပေါင်းအထွက်အား 400 kW (536 hp) ရှိသည်။

အမြန်နှုန်း 100 km/h အထိ မောင်းနိုင်ပြီး စွမ်းအင်သုံးစွဲနှုန်းမှာ ကီလို ၁၀၀ လျှင် 15.9 kWh ဖြစ်သည်။

ကမ္ဘာ့ဈေးကွက်တွင်ဖြန့်မည့် Li Mega variant တွင် 102.7 kWh ternary ဘက်ထရီသုံးထားပြီး မောင်းနိုင်မည့် range မှာ ကီလို ၇၁၀ ဖြစ်သည်။

၁၀ မှ ၈၀ ရာခိုင်နှုန်းအထိ အားသွင်းကြာချိန်မှာ ၁၀ မိနစ်သာ ဖြစ်သည်။

(Li Auto i6 crossover ကို တွေ့ရပုံ)

Li Auto i6 သည် အကြီးစား five-seat crossover ဖြစ်ပြီး အရွယ်အစားမှာ 4950/1935/1655 mm ရှိကာ wheelbase မှာ 3,000 mm ဖြစ်သည်။

ထိုင်ခုံ ၂ တန်းတွင် အခင်းအကျင်းမှာ 2+3 ပုံစံ ဖြစ်သည်။

၁၅ ဒသမ ၇ လက်မ screen ၂ ခုပါဝင်ပြီး စတီယာရင်တွင် touchscreen ငယ်တစ်ခု ထည့်ပေးထားသည်။

သမားရိုးကျ instrument panel နေရာတွင် ၁၆ ဒသမ ၈ လက်မရှိသော head-up display ကို သုံးထားသည်။

Li Auto i6 ၏ နောက်ယက်ဗားရှင်းတွင် နောက်ဝင်ရိုး၌ အထွက်အား 250 kW (325 hp) ရှိသော မော်တာတစ်လုံး သုံးထားသည်။

4WD variant တွင်မူ ရှေ့ဝင်ရိုးတွင် အထွက်အား 150 kW (201 hp) ရှိ ဒုတိယမော်တာတစ်လုံး ထပ်ထည့်ပေးထားကာ စုစုပေါင်းအထွက်အား 400 kW (536 hp) ရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Li Auto plans to enter Thailand by the end of 2026 as one more RHD market (carnewschina)

မူရင်းသတင်း — CarsDB