
တစ်ပတ်ရစ် Second ကားတစ်စီး ဝယ်ယူပြီးတဲ့အခါမှာ ယခင်ပိုင်ရှင် ဘယ်တုန်းက နောက်ဆုံး လဲလှယ်ထားလဲဆိုတာ တိတိကျကျ မသိနိုင်တာကြောင့်
အောက်ပါ အင်ဂျင်ဝိုင်းနဲ့ စစ်ထုတ်ခွက် (Filters) တွေကို မဖြစ်မနေ ချက်ချင်း လဲလှယ်ပေးသင့်ပါတယ်ဗျာ
၁။ အင်ဂျင်ဝိုင်းနဲ့ အင်ဂျင်ဝိုင်းစစ်ထုတ်ခွက် (Engine Oil & Oil Filter)
ကားတစ်စီးရဲ့ အသက်သွေးကြောဖြစ်တဲ့ အင်ဂျင်ဝိုင်းဟာ သက်တမ်းလွန်သွားရင် အင်ဂျင်အတွင်းပိုင်း ပွတ်တိုက်မှုကို မကာကွယ်နိုင်တော့ပါဘူး၊
ဒါကြောင့် ကားရရချင်းမှာ အင်ဂျင်ဝိုင်းအသစ်နဲ့အတူ အညစ်အကြေးစစ်ထုတ်ပေးတဲ့ Engine Oil Filter ကိုပါ တစ်ပါတည်း ချက်ချင်း လဲလှယ်ပေးရပါမယ်။
၂။ လေစစ်ထုတ်ခွက် (Air Filter)
အင်ဂျင်ထဲကို သန့်စင်တဲ့ လေဝင်ရောက်ဖို့အတွက် အရေးကြီးတဲ့ Air Filter ညစ်ပတ်နေရင် ဆီစားပိုများစေပြီး
အင်ဂျင်ရွေ့လျားမှု လေးလံစေပါတယ်၊
ဒါကြောင့် လေစစ်ကိုလည်း အသစ်လဲလှယ်ပေးတာ သို့မဟုတ် သန့်စင်ပေးတာမျိုး ပြုလုပ်ရပါမယ်။
၃။ အဲကွန်းစစ်ထုတ်ခွက် (Cabin Air Filter)
ကားအတွင်းခန်းထဲ စီမံပေးတဲ့ အဲကွန်းစစ်ထုတ်ခွက် (Cabin Filter) မှာ ဖုန်စုတ်စက်လို ဖုန်တွေနဲ့ မှိုနံ့တွေ ခိုအောင်းနေတတ်တာကြောင့်
ခရီးသည်တွေရဲ့ ကျန်းမာရေးနဲ့ အဲကွန်းအေးမြမှုအတွက် အသစ်ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။
၄။ ဂီယာဝိုင်းနဲ့ ဂီယာဝိုင်းစစ်ထုတ်ခွက် (Gear Oil & Transmission Filter)
ဂီယာဘောက်စ် သက်တမ်းရှည်စေဖို့အတွက် ဂီယာဝိုင်း (Transmission Fluid) နဲ့
ဂီယာစစ်ထုတ်ခွက်ကိုပါ စစ်ဆေးပြီး အသစ်လဲလှယ်ထားခြင်းဖြင့် ဂီယာထိုးရတာ ပေါ့ပါးချောမွေ့စေမှာ ဖြစ်ပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com