CarsDB

နှစ်ကုန်ပိုင်းတွင် ဈေးကွက်အတွင်းရောက်လာမည့် Nissan NX7 PHEV

၂၀၂၆ စတုတ္ထ ၃ လပတ်တွင် စတင်ရောင်းချရန် စီစဉ်ထားသည့် Nissan NX7 ကို တရုတ်ပြည်တွင်း လမ်းများပေါ်တွင် တွေ့လာရသည်။

အလတ်စား plug-in hybrid SUV ဖြစ်သော Nissan NX7 သည် Dongfeng Nissan ဖက်စပ်ကုမ္ပဏီ၏ စွမ်းအင်သစ် N-series တွင် စတုတ္ထမြောက် မော်ဒယ်ဖြစ်သည်။

China EV DataTracker ၏ ဖော်ပြချက်အရ Nissan သည် တရုတ်ပြည်တွင် ရောင်းအား ဖိအားများနှင့် ရင်ဆိုင်နေရချိန်ကာလအတွင်း NX7 ထွက်ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။

Dongfeng Nissan သည် ၂၀၂၆ ခုနှစ်၊ သြဂုတ်လအတွင်း ကားအစင်းရေ ၂၄၀၁၄ ရောင်းချခဲ့ရရာ ဇူလိုင်လထက် ရောင်းအား ၁၃ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ယခင်နှစ် အလားတူကာလအောက် ၅၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ယင်းအနက် NX8 ၂၄၉၈ စင်းနှင့် N7 sedan ၉၂၈ စင်းတို့ ပါဝင်သည်။

((ပြိုင်ကားဆန်သော အပြင်ပိုင်းက NX7 ကို NX8 နှင့် ကွဲပြားစေသည်။))

ဓာတ်ပုံများတွင် NX7 ၏ ဘီးဒီဇိုင်းအပြင်း အမိုးပေါ် LiDAR တို့ ပါဝင်သည်ကို တွေ့ရသည်။

လမ်းပေါ်တွင် တွေ့ရသည့် စမ်းသပ်ယာဉ်များတွင် LiDAR ပါသောကားတွေ့ရသလို LiDAR မပါသည်လည်း တွေ့ရသည်။

((ဒီဇိုင်းပိုင်း))

• three-row NX8 နှင့်ယှဉ်လျှင် ပြိုင်ကားပိုဆန်သည်။
• split ရှေ့မီးကြီးများ၊ horizontal daytime running light များ၊ semi-hidden တံခါးလက်ကိုင်များနှင့် ကားနောက်ပိုင်းတွင် LED taillight bar တို့ရှိသည်။
• သက်ဆိုင်ရာတွင် တင်ပြထားမှုအရ LiDAR ပါဝင်ကြောင်း အတည်ပြုနိုင်သည်။
• ဘီးဒီဇိုင်း ၃ မျိုးရှိပြီး ၁၈ လက်မနှင့် ၁၉ လက်မဟု ၂ မျိုးလာသည်။
• အရွယ်အစားမှာ 4,785/1,932/1,665 mm ဖြစ်ပြီး Wheelbase မှာ 2,815 mm ဖြစ်သည်။ (NX8 ၏ wheelbase မှာ 2,917 mm ဖြစ်သည်။)

((ဘက်ထရီနှင့် မောင်းနိုင်မည့် range))

• ဘက်ထရီမှာ CATL-FAW တို့ ဖက်စပ်ထုတ်သော ဘက်ထရီဖြစ်ပြီး 40.95 kWh LFP ဖြစ်သည်။

• လျှပ်စစ်သီးသန့်ဖြင့် မောင်းနိုင်မည့် range မှာ ကီလို ၂၂၀ ဖြစ်သည်။

(five-seat Nissan NX7 ကို တွေ့ရပုံ။)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Nissan NX7 PHEV nears Q4 launch with up to 225 km of electric range (carnewschina)

မူရင်းသတင်း — CarsDB