CarsDB

Geely Battleship 700 ကို အောက်တိုဘာ ၁၀ ရက်တွင် စတင်ရောင်းချရာ ၁၂ မိနစ်အတွင်း အစင်းရေ ၁၀,၀၀၀ ကျော် အမှာစာရရှိ

Geely က အောက်တိုဘာ ၁၀ ရက်တွင် Battleship 700 (တရုတ်ပြည်တွင်း ဈေးကွက်အတွက် Geely Galaxy Zhanjian 700 ဟု အမည်ပေးထား) ကို တရားဝင် စတင်ရောင်းချပြီ ဖြစ်သည်။

Battleship 700 သည် အလတ်စားမှ အကြီးစား plug-in hybrid (PHEV) SUV ဖြစ်ပြီး off-road အတွက် ရည်ရွယ်သော စွမ်းအင်သစ်ယာဉ် ဖြစ်သည်။

စတင်ရောင်းချပြီး ၁၂ မိနစ်အတွင်း အစင်းရေ ၁၀,၀၀၀ ကျော် အမှာစာ ရရှိခဲ့သည်ဟု ဆိုသည်။

Battleship 700 တွင် ရွေးစရာ trim ၆ မျိုးရှိပြီး ဈေးတန်းမှာ ယွမ် ၁၇၉၈၀၀ (ဒေါ်လာ ၂၆၈၀၀) မှ ယွမ် ၃၆၉၈၀၀ (ဒေါ်လာ ၅၅၂၀၀) ကြား ဖြစ်သည်။

((ဒီဇိုင်းပိုင်း))

Battleship 700 သည် လေးထောင့်သေတ္တာဆန်ဆန် ဖြစ်သည်။

ရှေ့မျက်နှာစာတွင် “Sky Eye” lighting system သုံးထားရာ စူးရှသော LED မီးလုံး ၂၂၈ ခုနှင့် မီးလင်းလိုဂိုတို့ ရှိသည်။

အမိုးပေါ်တွင် 192-line LiDAR sensor ရှိရာ ကား၏ အာရုံခံစွမ်းဆောင်ရည် မည်မျှရှိနိုင်သည်ကို ပြသထားသည်။

အရွယ်အစားမှာ 5,085/1,999/1,912mm ရှိပြီး wheelbase မှာ 2,900mm ဖြစ်သည်။

(Geely Battleship 700 ၏ ဘေးဖက်နှင့် နောက်ဖက်)

((အတွင်းပိုင်း နည်းပညာ))

ကားအတွင်းပိုင်းတွင် Screen ၅ ခု ချိတ်ဆက်စနစ် အသုံးပြုထားရာ ၁၀ ဒသမ ၂ လက်မ instrument cluster၊ ၁၅ ဒသမ ၂ လက်မ HUD၊ ၁၅ ဒသမ ၄ လက်မ 2K centre console screen၊ ၁၂ ဒသမ ၆၆ လက်မ passenger screen နှင့် rear control screen တို့ ဖြစ်သည်။

“Marshmallow” SPA ထိုင်ခုံများ အသုံးပြုထားပြီး ၁၄ နေရာ အနှိပ်စနစ်၊ လေဝင်လေထွက်စနစ်နှင့် အပူပေးစနစ်တို့ ပါဝင်သည်။

နောက်ခုံများကို ဖြန့်ချကာ အိပ်ယာအဖြစ်လည်း အသုံးပြုနိုင်သည်။

အခြား amenities များအနေဖြင့် တံခါး ၂ ပေါက် ရေခဲသေတ္တာ၊ 50W ကြိုးမဲ့ အမြန်အားသွင်းစနစ်၊ အောက်ဆီဂျင်ထုတ်ပေးသည့်စက်တို့ ထည့်သွင်းပေးထားသည်။

((Performance ပိုင်းနှင့် off-road စွမ်းရည်))

► 1.5T အင်ဂျင်+ မော်တာ ၁ လုံးဗားရှင်း= စုစုပေါင်းအထွက်အား 350 kW (469 hp) ၊ ရုန်းအား 605 Nm၊ 0-100 km/h အမြန်နှုန်းကို ၆ ဒသမ ၄ စက္ကန့်အတွင်း ရနိုင်
► 1.5T + မော်တာ ၃ လုံး ဗားရှင်း= စုစုပေါင်းအထွက်အား 690 kW (925 hp)၊ ရုန်းအား 1,165 Nm ၊ 0-100 km/h အမြန်နှုန်းကို ၄ ဒသမ ၂ စက္ကန့်အတွင်းရနိုင်
► 2.0T + မော်တာ ၃ လုံးဗားရှင်း= စုစုပေါင်းအထွက်အား 830 kW (1,114 hp)၊ ရုန်းအား 1,330 Nm ၊ 0-100 km/h အမြန်နှုန်းကို ၃ ဒသမ ၉၅ စက္ကန့်အတွင်းရနိုင်
CATL ထုတ် 47.14kWh (LFP) ဘက်ထရီသုံးထားပြီး လျှပ်စစ်သီးသန့်ဖြင့် မောင်းနိုင်မည့် range မှာ ၃၀၅ ကီလိုဖြစ်ကာ စုစုပေါင်း range မှာ ၁၇၇၀ ကီလိုအထိ မောင်းနိုင်သည်။

အားသွင်းကြာချိန်မှာ ၁၀ မှ ၈၀ ရာခိုင်နှုန်းအထိ ၁၀ မိနစ်သာ ဖြစ်သည်။

(Battleship 700 ကို တွေ့ရပုံ)

(Geely Battleship 700 ၏ အတွင်းပိုင်း)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Geely Battleship 700 launches: A BYD FCB Ti 7 challenger with 10,000+ orders in 12 minutes (carnewschina)

မူရင်းသတင်း — CarsDB