
Xpeng သည် ၎င်း၏ အလတ်စား SUV မော်ဒယ်သစ် Mona L05 ကို pre-sale ရောင်းချပေးပြီဖြစ်ကြောင်း အောက်တိုဘာ ၁၅ ရက်က တရားဝင်ကြေညာသည်။
ရွေးစရာ trim ၅ မျိုးရှိပြီး pre-sale ဈေးတန်းမှာ ယွမ် ၁၆၉၈၀၀ မှ ၁၉၁၈၀၀ ကြား (ဒေါ်လာ ၂၅၃၀၀ မှ ၂၈၆၀၀ ကြား) ဖြစ်သည်။
လာမည့် အောက်တိုဘာ ၂၉ ရက်တွင် ဈေးကွက်၌ တရားဝင်စတင်ဖြန့်ချိရန် စီစဉ်ထားသည်။
((ဒီဇိုင်းပိုင်း))
Mona L05 တွင် Xpeng ၏ “Starship” design language ကို ဆက်လက်အသုံးပြုထားပြီး ရှေ့ဘန်ပါတွင် အဖွင့်အပိတ်လုပ်နိုင်သော active grille shutter (AGS) ဖြင့် ပေါင်းစပ်ထားသည်။
ဘေးဖက်မြင်ကွင်းတွင် နှစ်ရောင်စပ်ဘီးများ၊ ကားကိုယ်ထည်နှင့် အနည်းငယ်ခွာထားသော ဘေးမှန်နှင့် ဘောင်ပျောက်တံခါးများကို တွေ့ရသည်။ L05 ၏ အရွယ်အစားမှာ 4,870/1,930/1,636 mm ရှိပြီး wheelbase မှာ 2,940 mm ဖြစ်သည်။
နောက်ဘက်တွင် LED မီးလုံး ၃၀၀ ကျော် ပါဝင်သည့် "Star Ring" မီးတန်း အသုံးပြုထားသည်။



(Xpeng Mona L05 ၏ ရှေ့ဘက်၊ ဘေးဘက်နှင့် နောက်ဘက်မြင်ကွင်းများ)
((အတွင်းပိုင်း နည်းပညာ))
• ၁၇ ဒသမ ၃ လက် central screen နှင့် ၂၆ ဒသမ ၈ လက်မ W-HUD
• accessories များ အလှဆင် တပ်ဆင်နိုင်မည့်နေရာ ၂၂ ခု
• အနှိပ်၊ လေဝင်လေထွက်၊ အပူပေးစနစ်ပါသော ရှေ့ခုံများ
• နောက်ခန်းတွင် အပူပေးစနစ်ပါ ထိုင်ခုံများ၊ Privacy ရှိစေမည့် မှန်အကာအရံ၊ ခေါက်စားပွဲ၊ ၁၇ ဒသမ ၃ လက်မ entertainment screen
((performance ပိုင်း))
Mona L05 တွင် လျှပ်စစ်ကားစစ်စစ် (EV) နှင့် extended-range (EREV) ဟု powertrain ၂ မျိုးလာသည်။
Pure EV (လျှပ်စစ်ကားစစ်စစ်) ဗားရှင်း= အထွက်အား 183 kW (245 hp) ရှိ မော်တာ၊ 71.1 kWh LFP ဘက်ထရီ။ variant အလိုက် မောင်းနှင်နိုင်သည့် range ၄ မျိုးရှိရာ ၆၁၅ ၊ ၆၃၅ ၊ ၆၄၀ နှင့် ၆၆၀ ကီလိုတို့ ဖြစ်သည်။
EREV ဗားရှင်း= 1.5L အင်ဂျင် (70 kW) + 183 kW မော်တာ၊ 37.2 kWh ဘက်ထရီ။ လျှပ်စစ်သီးသန့်ဖြင့် ၃၁၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး အင်ဂျင်နှင့်ပေါင်းစပ်ပါက စုစုပေါင်း ကီလိုမီတာ ၁,၃၁၀ အထိ မောင်းနှင်နိုင်သည်။
Mona စီးရီးကို စတင်မိတ်ဆက်ခဲ့ပြီး ၂ နှစ်တာအတွင်း စုစုပေါင်း အစင်းရေ ၃၅၀,၀၀၀ ကျော် ရောင်းချထားရပြီး ဖြစ်သည်။
ယခု L05 မှာ Sedan စီးရီးမှသည် Mid-size SUV အဖြစ်သို့ တိုးချဲ့လာခြင်း ဖြစ်သည်။








(Xpeng Mona L05 ၏ အတွင်းပိုင်း)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Xpeng opens pre-sales for Mona L05 EV and EREV SUV in China, starting from 25,300 USD (carnewschina)