CarsDB

Dongfeng က M-Hero X700 SUV ကို ဒေါ်လာ ၂၂,၀၀၀ ဖြင့် တရားဝင်စတင်ရောင်းချပေးလာ

Dongfeng M-Hero သည် ၎င်း၏ နောက်ဆုံးမော်ဒယ် M-Hero X700 ကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် တရားဝင် စတင်ဖြန့်ချိရောင်းချလာသည်။

လေးထောင့်ဆန်ဆန် SUV ဖြစ်ပြီး M-Hero နှင့် Huawei Qiankun တို့ ပူးပေါင်းဒီဇိုင်းရေးဆွဲထားသည်။

ပေါ့ပေါ့ပါးပါး သွားလာရေးအပြင် လမ်းကြမ်းမောင်းနှင် (off-road) နိုင်ရန်အတွက်လည်း ရည်ရွယ်ထားသည်။

ယခင်က ကားများကို frame ပေါ်တွင် အခြေပြုကာ ကိုယ်ထည်ဖွဲ့စည်းခြင်း (body-on-frame) ဖြစ်ပြီး ယခုမော်ဒယ်မှာမူ တသားတည်း unibody (monocoque) တည်ဆောက်ပုံဖြင့် ထုတ်လုပ်သည့် M-Hero ၏ ပထမဆုံး SUV ဖြစ်သည်။

X700 တွင် ရွေးချယ်စရာ trim ၄ မျိုးလာပြီး ဈေးတန်းမှာ ယွမ် ၁၄၇,၅၀၀ မှ ၁၈၇,၇၀၀ ကြား (ဒေါ်လာ ၂၂,၀၀၀ မှ ၂၈,၀၀၀ ကြား) ဖြစ်သည်။

(Dongfeng M-Hero X700 ၏ နောက်ပိုင်း မြင်ကွင်း)

((trim နှင့် ဈေးနှုန်းများ))

325km RWD Pro = ယွမ် ၁၄၇,၅၀၀ (ဒေါ်လာ ၂၂၀၀၀)
285km 4WD Max = ယွမ် ၁၆၀,၇၀၀ (ဒေါ်လာ ၂၄၀၀၀)
285km 4WD Max+ = ယွမ် ၁၇၄,၀၀၀ (ဒေါ်လာ ၂၆၀၀၀)
360km 4WD Ultra = ယွမ် ၁၈၇,၇၀၀ (ဒေါ်လာ ၂၈၀၀၀)

((ဒီဇိုင်းပိုင်း))

• full-width DRL မီးတန်းနှင့် မီးလင်း လိုဂိုတို့ဖြင့် ခပ်ကြမ်းကြမ်း ပုံဖော်ထားသည်။

• အရွယ်အစား= 5,035/1,999/1,890/1,910mm နှင့် wheelbase မှာ 2,920mm ရှိသည်။

((Huawei ၏ စမတ်နည်းပညာ))

ယာဉ်မောင်းခန်း (Cockpit)= 2.5K ရုပ်ထွက်ရှိ ၁၅ ဒသမ ၆ လက်မ display ၂ ခု၊ AR လမ်းညွှန်ပါဝင်သော ၇၄ လက်မ Huawei XHUD

မောင်းနှင်စနစ် (Driving System)= LiDAR အပါအဝင် sensor ၂၇ ခုပါရှိသော Huawei ၏ ADS 5 စနစ်၊ off-road NCA စနစ်၊ roaming cruise assist)

((Performance ပိုင်း))

• Powertrain ပိုင်း= 1.5T plug-in hybrid (113 kW အင်ဂျင်) + မော်တာ ၂ လုံး AWD စနစ် ( အထွက်အား 190 kW ရှိ ရှေ့မော်တာ / 215 kW ရှိ နောက်မော်တာ ) ၊ အမြန်နှုန်း တင်နိုင်စွမ်းမှာ 0–100 km/h ကို ၄ ဒသမ ၉၃ စက္ကန့်အတွင်း ရနိုင်သည်။

• ဘက်ထရီ= CATL ထုတ် LFP ဘက်ထရီများဖြစ်ပြီး 51.46 kWh (၂၈၅ ကီလိုမောင်းနိုင်) (သို့မဟုတ်) 68.10 kWh (၃၆၀ ကီလိုမောင်းနိုင်) တို့ ဖြစ်သည်။

(Dongfeng M-Hero X700 ၏ အတွင်းပိုင်း မြင်ကွင်းများ)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Dongfeng launches M-Hero X700 SUV with Huawei intelligence (carnewschina)

မူရင်းသတင်း — CarsDB