Xinhua Myanmar

အီရန်နိုင်ငံ တောင်ပိုင်းတွင် ငါးဖမ်းလှေများကို အမေရိကန် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ငါးဖမ်းသမား ၂ ဦး ဒဏ်ရာရရှိကြောင်း သတင်းဌာနများဖော်ပြ

ဟော်မုဇ်ရေလက်ကြားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)  

အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်းရှိ ငါးဖမ်းလှေ ၂ စင်းကို "ရန်သူ" အမေရိကန်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အီရန်နိုင်ငံသား ငါးဖမ်းသမား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရန်အစိုးရ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သော Fars သတင်းဌာနက ဖော်ပြသည်။

အဆိုပါ ငါးဖမ်းလှေများသည် အီရန်နိုင်ငံတောင်ပိုင်းရှိ ကက်ရှ်မ်ကျွန်း (Qeshm Island) ၏ တောင်ဘက် ၁၄ မိုင် (၂၂.၅ ကီလိုမီတာခန့်) အကွာတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး၊ လှေများမှာ ဒေသခံများ ပိုင်ဆိုင်သည့် လှေများဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို ကျွန်းပေါ်သို့ ပို့ဆောင်ပေးခဲ့ပြီး၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးသွားခဲ့သည့် အခြားငါးဖမ်းသမား ၂ ဦးကိုလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှ ပြန်လည်တွေ့ရှိကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အစ္စရေးနှင့် အမေရိကန်တို့က အီရန်နိုင်ငံပိုင်နက်အတွင်း ပူးတွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အီရန်နိုင်ငံသည်  ဖေဖော်ဝါရီ ၂၈ ရက်တွင် ဟော်မုဇ်ရေလက်ကြား၌ ၎င်း၏ ထိန်းချုပ်မှုကို တင်းကျပ်ခဲ့ပြီး၊ အစ္စရေးနှင့် အမေရိကန်နိုင်ငံများနှင့် သက်ဆိုင်သည့် သို့မဟုတ် ဆက်နွှယ်မှုရှိသည့် သင်္ဘောများ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်တားမြစ်ထားသည်။ (Xinhua)

…………………………………………………..

(English version)

2 fishermen injured in U.S. drone attack on fishing boats in S. Iran -- media

TEHRAN, Oct. 31 (Xinhua) -- Two Iranian fishermen were injured following a drone attack by the U.S. "enemy" on two fishing boats in the Strait of Hormuz on Saturday morning, the semi-official Fars news agency reported.

The fishing boats were attacked 14 miles (about 22.5 km) south of Iran's southern Qeshm Island, the report said, adding that the vessels belonged to the island's locals.

It added that those wounded in the strike were transferred to the island, and another two fishermen, who had gone missing following the attack, were rescued after a search operation.

Iran tightened its grip on the strait on Feb. 28, barring safe passage of vessels belonging to or affiliated with Israel and the United States following their joint strikes on Iranian territory.

Photo caption: This file photo taken on Feb 19,2025 shows the Strait of Hormuz. (Xinhua)

#Iran #US #droneattack #အီရန် #အမေရိကန် #ဒရုန်းတိုက်ခိုက်မှု

မူရင်းသတင်း — Xinhua Myanmar