NP News

ထိုင်းအစိုးရက မြန်မာနယ်စပ်အနီး မဲဆောက်ခရိုင်တွင် ညပိုင်းကင်းလှည့်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေ

စော(NP News)-အောက်တိုဘာ ၁
မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွား နေခြင်း ကြောင့် The Ratchamanu Task စစ်ဆေးရေးအဖွဲ့က မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်အတွင်း ညပိုင်းကင်းလှည့်မှုများကို တိုးမြှင့်လုပ်‌ဆောင်နေကြောင်း Thai PBS World မှ ယမန်နေ့ (အောက်တိုဘာ ၃၁ရက်)တွင် ဖော်ပြထားချက်အရ သိရသည်။
မဟာဝမ်ခရိုင်ခွဲ၌ ညဘက်ကင်းလှည့်နေသော တပ်ဖွဲ့ဝင်များတွင် ခြေလျင်တပ်ခွဲသုံးခုဖြစ်သည့် မဟာနာရစွမ် တပ်ဖွဲ့၏ အမြန်ခြေလျင်တပ်ဖွဲ့၊ မဟာနရစွမ်တပ်ဖွဲ့၏ တာဝေးစောင့်ကြည့်ထောက်လှမ်းရေးတပ်စုနှင့် အမှတ် (၃၅) တောတွင်းတိုက်ခိုက်ရေးတပ်ရင်းမှ အထူးစစ်ဆင်ရေးတပ်ဖွဲ့များ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် မြန်မာဘက်ခြမ်းတွင်ဖြစ်ပွားနေသော တိုက်ပွဲများ ပိုမိုပြင်းထန်လာကာ နယ်စပ်ကျော်လွန်ပြီး ထိုင်းပြည်သူများကို ခြိမ်းခြောက်လာနိုင်သည့်အရေးပေါ်အခြေအနေမျိုး ဖြစ်ပွားလာပါက ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် The Ratchamanu တပ်ဖွဲ့သည် သက်ဆိုင်ရာအေဂျင်စီများနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News