
ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၂
လက်ရှိဖြစ်ပေါ်နေသော လူမှုစီးပွားရေးအကျပ်အတည်းများနှင့် အထွေထွေအခက်အခဲများ ကြောင့် ပြည်သူများအကြား စိတ်ဖိစီးမှုများကြောင့် အရက်သောက်သုံးခြင်းမြင့်တက်နေရာ ဈေးပေါသော ချက်အရက်နှင့်အရက်တုများကြောင့် လူသေဆုံးမှုနှုန်း သိသိသာသာမြင့်တက်လာကြောင်း ဒေသခံလူမှု ကူညီရေးအသင်းများမှများထံမှ သိရသည်။
ယခင်က အရက်ကိုအပန်းဖြေရုံ သို့မဟုတ် ဝါသနာအရသောက်သုံးကြသော်လည်း ယခုနောက် ပိုင်းတွင် ခေတ်ကာလအခြေအနေများကြောင့် စိတ်ဓာတ်ကျဆင်းကာ သောက်သုံးသူပိုမိုများပြားလာ ကြောင်း ရပ်ကွက်နေပြည်သူများက ဆိုသည်။
ထိုအရက်များတွင် အရက်ပျံအမျိုးအစားဖြစ်သော မက်သနောဓာတ်ပစ္စည်းများ စည်းကမ်းမဲ့ပါ ဝင်နေတတ်သဖြင့် သောက်သုံးသူများ၏အသည်းနှင့် ကျောက်ကပ်ကို အချိန်တိုအတွင်းပျက်စီးစေကာ အသက်အန္တရာယ်ဖြစ်စေသည့် အရက်အဆိပ်သင့်မှုကို ခံစားရခြင်းဖြစ်သည်။
“အခုနောက်ပိုင်း ရပ်ကွက်ထဲမှာ အသက် (၃၀)၊ (၄၀) အရွယ် လူငယ်လူလတ်ပိုင်းတွေ အရက် သောက်ပြီး ရုတ်တရက်သေဆုံးတာတွေ တော်တော် များလာတယ်။ စိတ်ညစ်လို့သောက်ကြတာချည်းပဲ။ ဒါပေမဲ့ ငွေမရှိတော့ ဈေးပေါတဲ့ ရောစပ်အရက်တုတွေသောက်ပြီး ရက်ပိုင်းအတွင်း အသည်းကွဲ၊ လူကို ဝါးပြီး အသက်ပါသွားကြတာ နှမြောဖို့ကောင်းပါတယ်ဗျာ” လူမှုကူညီရေးအသင်းမှတာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ကျန်းမာရေးပညာရှင်များ၏ သတိပေးချက် အရ မက်သနောပါဝင်သောအရက်တုများကို သောက်မိပါက အမြင်အာရုံကွယ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ သတိလစ်ခြင်းနှင့် ဦးနှာက်ဆဲလ်များ သေ ဆုံးခြင်းတို့ ကိုဖြစ်ပေါ်စေနိုင်ကြောင်းသိရသည်။ စိတ်ဖိစီးမှုများကို အရက်ဖြင့်ဖြေဖျောက်ခြင်းသည် ရေ ရှည်တွင် စိတ်ကျရောဂါကို ပိုမိုဆိုးရွားစေပြီး မိသားစုနှင့်ပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးစေနိုင်သဖြင့် အရက်အစား အခြားသော ရင်ဖွင့်တိုင်ပင်နိုင်မည့်နည်းလမ်းများကိုရှာဖွေသင့်ကြောင်း ပညာရှင် တစ်ဦး ကဆိုသည်။
“အိမ်ကလူလည်း ခေတ်ပျက်ကြီးထဲ အလုပ်အကိုင်တွေအဆင်မပြေတော့ နေ့တိုင်း အရက် သောက်ပြီး သောကဖြေနေတယ်။ ဆိုင်ကအရက်ကောင်းတွေက ဈေးကြီးတော့ လမ်းထိပ်က ပုလင်းခွံနဲ့ ခြင်ရောင်းတဲ့အရက်ပုန်းတွေပဲ ဝယ်သောက်တာ။ ဘာတွေထည့်ချက်ထားမှန်းမသိတော့ အမြဲတမ်း ရင် ဘတ်အောင့်တယ်၊ အန်တယ်ပြောနေလို့ အသက်အန္တရာယ်အတွက် နေ့တိုင်းပူပန်နေရပါတယ်”ဟု အ ခြေခံလူတန်းစားပြည်သူတစ်ဦးကဆိုသည်။
လက်ရှိတွင် ရပ်ကွက်အခြေစိုက် လူမှုကူညီရေးအသင်းများနှင့် နီးစပ်ရာကျန်းမာရေးအဖွဲ့အစည်း များက အရက်တု၊ အရက်ပုန်းများ၏အန္တရာယ်ကို ပြည်သူများသတိပြုမိစေရန် လှုံ့ဆော်မှုများပြုလုပ်ရန် လိုအပ်နေပြီး၊ စိတ်ဒဏ်ရာနှင့် ဖိစီးမှု ခံစားနေရသူများကိုလည်း စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများ အရေးပေါ်ထောက်ပံ့ပေးနိုင်ရန် ကြိုးပမ်းသင့်ကြောင်း သုံးသပ်မှုများရှိနေသည်။
