NP News

မန်ယူ ဂန္ထဝင်များ၏ မြန်မာပြည်ခရီးစဉ်အောင်မြင်ပြီးနောက် အခြားနာမည်ကျော်ဂန္ထဝင်များ ထပ်ခေါ်ရန်ကြိုးပမ်းမည်

သန့်ဇင် (NP News) - နိုဝင်ဘာလ ၁
မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်း၏ဂန္ထဝင်များနှင့် မြန်မာနိုင်ငံရှိပရိသတ်များ တွေ့ဆုံခဲ့သည့် မြန်မာ ပြည်ခရီးစဉ်အောင်မြင်ပြီးနောက် အခြားနာမည်ကျော်ဂန္ထဝင်များထပ်ခေါ်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ တစ်ဦးထံ NP News ကဆက်သွယ်မေးမြန်းထားသည့် အချက်အလက်အရသိရသည်။
မန်ယူကစားသမားဟောင်းများ ဖြစ်ကြသည့် Patrice Evra ၊ Antonio Val­encia ၊ Fabio da Silva နှင့် Anderson တို့၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံးအဖြစ် အောက်တိုဘာလ (၃၀)ရက် ညပိုင်းတွင် Meliá ဟိုတယ်၌ အထူးဖိတ် ကြားထားသော ဧည့်သည့်တော်များ၊ ပရိသတ်များနှင့် ညစာစားပွဲပြုလုပ်ရာ လူရာနှင့်ချီ တက်ရောက်ခဲ့သည်။ ယင်းပွဲတွင် မန်ချက်စတာယူ နိုက်တက်ပရိသတ်များဟု ထင်ရှားသည့် သရုပ်ဆောင်ပိုင်ဇေရဲထွန်း၊ အကယ်ဒမီထွန်းထွန်း အပါအဝင် ကျော်ကြားသူများလည်း တက်ရောက်ခဲ့ကြောင်း မြင်ရသည်။
ယင်းနောက် အောက်တိုဘာလ (၃၁) ရက်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ သွားရောက်ကာ မြန်မာ မျိုးဆက်သစ်ကစားသမားများနှင့် တွေ့ဆုံ၍ အတွေ့အကြုံများ မျှဝေခြင်း၊ လေ့ကျင့်ခြင်း အစီအစဉ်များကို ဆောင်ရွက် ခဲ့သည်။ ပြီးနောက် Meliá ဟိုတယ်တွင် ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံခဲ့ပြီး အနုပညာရှင်များ၏ ဖျော်ဖြေမှုများ လည်း ပါဝင်သည်။ ညပိုင်းတွင် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားမည့်ပွဲကို ပရိ သတ်များနှင့် အတူအားပေးခြင်းများအပါအဝင် လှုပ်ရှားမှုများစွာကို ပရိသတ်များနှင့်အတူ ပြုလုပ်ခဲ့သည်။
နိုဝင်ဘာလ (၁) ရက်တွင် Yangon Convention Center (YCC) ၌ VVIP သီးသန့် အတွေ့အကြုံ၊ ကစားသမား များနှင့် တိုက်ရိုက် အမေး၊ အဖြေ ပြုလုပ်ခြင်း၊ လက်ဆောင်ပေးခြင်း အပါအဝင် အခြားလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါပွဲကို မန်ယူကစားသမားဟောင်းများ ဖြစ်ကြသည့် Patrice Evra ၊ Antonio Valencia ၊ Fabio da Silva နှင့် Anderson တို့လာရောက်ခဲ့ပြီး မြန်မာမှ မန်ယူချစ်ပရိသတ်များနှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံခဲ့ကြောင်းသိရသည်။
Legendary Players Meet and Greet in Yangon ပွဲကို မန်ယူနာမည်ကျော်ကစားသမားဟောင်းများ ဖြစ်ကြ သည့် Ryan Giggs နှင့် Berbatov တို့လည်းပါဝင်မည်ဖြစ်ကြောင်း မူလက ကြေညာခဲ့သည်။
သို့သော် မြန်မာပြည်သို့လာရောက်ရန်ရက် ပိုင်းအလိုတွင် ပြည်ပြေးမီဒီယာများနှင့် ၎င်းတို့ကို ထောက်ခံသူများ က နည်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့် တားသောကြောင့် ယင်းကစားသမားနှစ်ဦးမှာ မြန်မာ ပြည်ခရီးစဉ်တွင် ပါဝင်နိုင်ခြင်း မရှိတော့ပေ။
“ပြဿနာကတော့ Ryan Giggs နဲ့ Berbatov ခေါ်တော့ အစကတော့ သူတို့ကအဆင် ပြေတယ်လို့ပြောပြီးတော့ နောက်တော့ လန်ဒန်မှာရှိတဲ့ အဝေးရောက်မြန်မာတွေက ကမ်ပိန်းထောင်ပြီးတော့ အဲဒီ Player တွေရဲ့ Original E-mail တွေပို့ ကြတာပေါ့။ Mail တွေပို့တဲ့အချိန်မှာ သူတို့အောက်က Management Team ကိုပေါ့နော် Mail ပေါင်း (၁၀ဝဝ) (၂၀ဝဝ)လောက်ဝင်လာတာ။ သူတို့ဘဝမှာ တစ်ခါမှမမြင်ဖူးတဲ့ Mail တွေမြင်ရတော့ သူတို့လည်း လန့်သွားတာ။ အဲဒီ နိုင်ငံကို ငါတို့လာမယ်လို့ပြောတဲ့ အချိန်မှာ ဒီလိုမျိုးတွေပို့လာတော့ သူတို့ရင်ထဲမှာလည်း Safe ကနည်းသွား တာပေါ့ နော်”ဟု ၎င်းက ပြောသည်။
Ryan Giggs နှင့် Berbatov တို့သည် မြန်မာပြည်မန်ယူပရိသတ်များနှင့်တွေ့ဆုံလိုသော ဆန္ဒရှိကြသော်လည်း နိုင်ငံရေးအရလှုပ်ရှားမှုများကြောင့် တွေဝေသွားခဲ့ပြီး ပွဲအခမ်းအနားအနီးတွင် Urgent Media Duty ကြောင့် မြန်မာနိုင်ငံ သို့လာ ရောက်မည့်ခရီးစဉ်မှာ ပျက်ပျယ်မှုသေချာသွားခဲ့ရကြောင်း ၎င်းကဆိုသည်။
“Ryan Giggs တို့ကလည်း နောက်ဆုံးမှာ သူတို့ကလည်းလာချင်တယ်ပေါ့။ ဒါပေမဲ့ သူတို့ Politics တွေထဲမှာ သူတို့မပါချင်ဘူးပေါ့နော်။ အဲဒီ လိုပြောပြီးတော့ ဘာမှမဖြစ်ဘူးပေါ့။ အဲဒါနဲ့ ပွဲနားနီး မှပဲသူတို့လည်း Media Duty ရှိသွားတာပေါ့”ဟု ၎င်းကပြောသည်။
ထို့ကြောင့် အပြောင်းအလဲများအရ Anto­nio Valencia နှင့် Fabio da Silva တို့နှင့် ချိတ်ဆက်မှုအောင်မြင်ခဲ့ပြီး မြန်မာနိုင်ငံမှ မန်ယူပရိသတ် များအတွက် ကစားသမားဟောင်း (၄)ဦးကို ခေါ် ဆောင်ပေးနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
“Edwin van der Sar ကိုခေါ်တော့ Edwin van der Sar ရဲ့ Management က UK ဖြစ်နေတယ်။ အဲဒီတော့ Reject ဖြစ်သွားတယ်။ အဲဒီလိုဖြစ်သွားတော့ Valencia နဲ့ Fabio da Silva တို့ မေးလိုက်ပေါ့နော်။ မြန်မာနိုင်ငံကို လာချင် လားဆိုတော့ အဲဒီတော့ သူတို့ကလာချင်ပါတယ်တဲ့။ သူတို့နိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံက Culture တူတယ်ပေါ့နော်။ သူတို့က မင်းတို့မြန်မာနိုင်ငံနဲ့ ငါတို့နိုင်ငံနဲ့က အတူတူပါပဲတဲ့။ ခံစားမိပါတယ်တဲ့။ အဲဒီလိုတော့ပြောလာတယ်။ ကျွန်တော် တို့ခေါ်တဲ့ (၄)ယောက်က သူတို့ ကိုယ်တိုင်လာချင်တဲ့လူတွေကိုပဲ ကျွန်တော်တို့ ခေါ်လိုက်တာပါ”ဟု အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။
ထို့နောက် မန်ယူတိုက်စစ်မှုဟောင်း Can­t­ona အပါအဝင် Paul Scholes နှင့် Luís Nani တို့ကိုလည်း ယခု တွေ့ဆုံပွဲတွင် Patrice Evra နှင့် တိုင်ပင်ကာ မြန်မာနိုင်ငံသို့ခေါ်ဆောင်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
“ဒီကိစ္စပြီးသွားရင် Cantona တို့၊ Paul Scholes တို့ Nani တို့ပေါ့နော်။ Evra နဲ့ တိုင်ပင်ပြီးတော့ နောက်နှစ် တွေများ မြန်မာနိုင်ငံကိုခေါ် လာပေးမယ်ဆိုရင် ကျွန်တော်တို့ဘက်ကနေလုပ်ပေး မယ်ဆိုပြီးဖိတ်ခေါ်မှာပါ”ဟု အထက်ပါသတင်း ရင်းမြစ်ကပြောသည်။
ထို့ကြောင့် ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် Legendary Players Meet and Greet in Yan­gon ပွဲသည် မြန်မာမှ မန်ယူပရိသတ်များအတွက် အမှတ်တရများ များစွာဖန်တီးပေးနိုင်ခဲ့သည့် ပွဲတစ်ပွဲ လည်းဖြစ်ခဲ့ကြောင်းသိရသည်။
ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်သည်လည်း မိုင်းပေါင်းများစွာကွာဝေးသည့် မန်ယူဂန္ထဝင်များအား အမိမြေသို့ ဖိတ်ခေါ်ကာ ပရိသတ်များနှင့် နီးကပ်စွာအမှတ်တရများဖန်တီးသွားစေလိုခြင်းသာဖြစ်ကြောင်း အထက်ပါသတင်းရင်း မြစ်က ဆိုသည်။ နာ မည်ကျော်ဘောလုံးသမားများအား တွေ့ဆုံရန်အတွက် မိုင်ပေါင်းများစွာအထိသွားရောက်ရမည်ဖြစ် သည့်အပြင် ဒေါ်လာထောင်ပေါင်းများစွာကုန်ကျနိုင် မည့်အခြေအနေတွင် ဆယ်သိန်းမကျော်သောပမာဏ ဖြင့် မြင်တွေ့ ခွင့်ရနိုင်မည့်အခွင့်အရေးဖြစ်သည်။
“အမှန်အတိုင်းပြောရရင် ဘောလုံးသမား ဆိုတာက ကိုယ်မြင်ချင်တဲ့ပလေယာကိုသွားတွေ့ဖို့က မိုင်ပေါင်း အဝေးကြီးသွားပြီးတော့ ပိုက်ဆံတွေ အများကြီးကုန်ပြီး သွားတွေ့ရမယ့်အစား ဒီလိုမျိုးလာ တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
“ကျွန်တော်က ပြည်သူတွေကို Message ပေးချင်တာက ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က ကြိုးစားပေးတယ်။ ဒီလူတွေမလာတာက ကျွန်တော်တို့ ဂျင်းထည့်တာလည်းမဟုတ်သလို တမင်လုပ်တာ လည်းမဟုတ်ဘူးပေါ့နော်။ (၄) ယောက်ခေါ်တာ (၂) ယောက်ပဲလာရင်တော့ ကျွန်တော်တို့ အပြစ်ပေါ့နော်။ (၄) ယောက်ခေါ်တာကို (၄) ယောက်လုံး လာတာကို ကောင်းတဲ့အမြင်ဘက်ကကြည့်ပြီးတော့ ကြိုးစားပြီး လုပ်ပေးတယ်ဆိုတဲ့ပုံစံမျိုးကိုလည်း ပြည်သူတွေရင် ထဲကို အဲဒီ Message လေးရောက်ရင်ပဲရပါပြီ”ဟု ၎င်းကပြောသည်။

မူရင်းသတင်း — NP News