NP News

(၈၁) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ကျပ်သိန်း(၂၀၀၀)ဆုအပါအဝင် ထုတ်ယူရန်ကျန်ရှိသည့် ဆုမဲ (၂၂၅၀၀)ကျော်အား နိုဝင်ဘာလကုန်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်

ထိုက်စံ(NP News)-နိုဝင်ဘာ ၁
(၈၁) ကြိမ်မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ကျပ်သိန်း(၂၀၀၀)ဆုအပါအဝင် ထုတ်ယူရန်ကျန်ရှိသည့် ဆုမဲ (၂၂၅၀၀)ကျော်အား နိုဝင်ဘာလကုန်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ယနေ့(နိုဝင်ဘာ ၁ ရက်)ထုတ်နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
(၂ဝ၂၅) ခုနှစ်၊ ဒီဇင်ဘာ (၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော (၈၁) ကြိမ်မြောက် ကျပ် (၁ဝဝဝ) တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုမဲ (၁၆၈၁၂၉)ဆု ခွဲဝေ ချီးမြှင့်ခဲ့ရာ ဆုမဲ (၂၂၅၂၃) ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ လာရောက်တင်ပြခြင်းမရှိသေးသည့် ဆုမဲများအား လာမည့်(နိုဝင်ဘာ ၃၀ ရက်)အထိ လာရောက်တင်ပြခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ယင်းဆုမဲများတွင် ကျပ်သိန်း (၂ဝဝဝ) (၁) ဆု၊ ကျပ်သိန်း (၅ဝဝ) (၁) ဆု၊ ကျပ်သိန်း (၁ဝဝ) (၃) ဆု၊ ကျပ်သိန်း (၅ဝ) (၃) ဆု၊ ကျပ်သိန်း (၂ဝ) (၆) ဆု၊ ကျပ် (၁ဝ) သိန်း(၇) ဆု၊ ကျပ် (၃) သိန်း (၄)ဆု ၊ ကျပ် (၂) သိန်း (၁၅၆)ဆု၊ ကျပ်(၁) သိန်း (၉၅၆) ဆု ၊ ကျပ်(၅) သောင်းဆု (၅၈၇၈) ဆုနှင့် ကျပ် (၁) သောင်းဆု (၁၅၅ဝ၈) ဆု တို့ပါဝင်ကြောင်း သိရသည်။
ဆုရ လက်မှတ်များကို နိုဝင်ဘာလ(၃၀) ရက်အထိ ရန်ကုန်မြို့ နှင့်မန္တလေးမြို့တို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ ရုံးများသို တင်ပြ၍ ဆုငွေများကို တောင်းခံ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News