
စိမ့်စမ်းရေ (NP News) - အောက်တိုဘာ ၃၁
ရန်ဖြစ်သည့် YBS ယာဉ်မောင်း (၂) ဦးကို ရာသက်ပန် YBS ယာဉ်မောင်းခွင့်မှ ထုတ်ပယ်မည်ဖြစ်ကြောင်း YRTC မှ ပြောရေးဆိုခွင့်ရှိသူ ဦးလျန်ကျင့်မန်က NP News သတင်းဌာနသို့ပြောသည်။
“ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ ပန်းဆိုးတန်းမှတ်တိုင်တွင် ပြီးခဲ့သည့် အောက်တိုဘာ (၂၉) ရက်က YBS ၈၉ နှင့် YBS ၅၇ ယာဉ်တို့သည် ခရီးသည်လုရာမှ ရန်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ရန်ဖြစ်စကားများရာမှ ယာဉ်မောင်းတစ်ဦး၏ ခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ခုံရုံးဖွဲ့စစ်ဆေးမယ်။ တနင်္လာနေ့လောက်ဖွဲ့မှာ။ ပြီးတော့ စစ်ဆေးမယ်။ အခုတော့ အကြိုစစ်တာတော့ လုပ်ထားတာပေါ့။ အဓိကကတော့ (၂) ယောက်စလုံးပဲဖြစ်မှာပါ။ ဒါပေမဲ့ (၂) ယောက်စလုံး ထုတ်ပယ်ရမှာပါ” ဟု ၎င်းက ပြောသည်။
ထို့ပြင် အဆိုပါကိစ္စရပ်ကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့၍ စစ်ဆေးသွားမည်ဖြစ်ပြီး လက်ရှိတွင် အကြိုစစ်ဆေးမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။
"အလုပ်ထုတ်ပစ်မှာပေါ့။ ယာဉ်မောင်းကနေ အမြဲတမ်း ထုတ်ပစ်မှာပေါ့။ ယာဉ်မောင်းလိုင်စင်ကတော့ က.ည.န က ထုတ်ပေးတာဖြစ်တဲ့အတွက် က.ည.န အပိုင်း။ ကျွန်တော်တို့ကတော့ YBS Bus ကားမောင်းတဲ့ Smart Card ကို ဖျက်သိမ်းပစ်မယ်။ အမြဲတမ်း ထုတ်ပယ်မယ်။ YBS လုံးဝ မောင်းခွင့်မပေးတော့ဘူး” ဟု ၎င်းက ပြောသည်။
ဓာတ်ပုံ - YBS 57 ယာဥ်ပေါ်တွင်ထိုးကြိတ်သတ်ပုတ်နေသည့်ယာဥ်မောင်းနှစ်ဦးနှင့် YRTC အထွေထွေ
အတွင်းရေးမှူး၏ ထုတ်ပြန်ချက်

