
ပုလဲ (NP News) - အောက်တိုဘာ ၃၁
ဂျပန်ရောက်မြန်မာလုပ်သားများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် မိသားစုလွှဲပို့ငွေ အနီးစပ်ဆုံး (၃)လစာလွှဲပို့ထားသည့်အထောက်အထားပါ ပူးတွဲတင်ရမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးက ယနေ့ (အောက်တိုဘာ ၃၁ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာကိစ္စရပ်များအား လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်ဖြင့်သော်လည်းကောင်း၊ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးဆောင်ရွက်ရာ၌ လစာဝင်ငွေခွန် (၂) ရာခိုင်နှုန်း ပူးတွဲတင်ရကြောင်း သိရသည်။
ယင်းအပြင် မိသားစုလွှဲပို့ငွေ အနီးစပ်ဆုံး (၃)လစာလွှဲပို့ထားသည့် အထောက်အထားများအား လာမည့် နိုဝင်ဘာ (၁) ရက်မှစတင်၍ ပူးတွဲတင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း ,မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။