
ထိုက်စံ(NP News)-အောက်တိုဘာ ၃၀
အမျိုးသမီး(၁၃)ဦးကို ဘီယာဆိုင်နှင့် KTVဆိုင်များသို့ ပို့ဆောင်ကာ ပြည့်တန်ဆာအဖြစ်စေခိုင်းသူများအား အလုပ်နှင့်ထောင်ဒဏ်(၁၅)နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် နေသူများဖြစ်သည့် အမျိုးသမီး (၁၃) ဦးတို့ကို မန္တလေးတိုင်းဒေသကြီးနေသူများဖြစ်သည့် သဇင်(ခ) ရာသက်ပန်၊ ကျော်မင်းထွန်း၊ ကျော်သူလင်း(ခ)ကိုပြည့်၊ အောင်လွင်ဦး နှင့် ဝေလင်းဦး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နေ လေးလေးမြင့်(ခ)ခွန်းနှင့် ပဲခူးတိုင်းဒေသကြီးနေ ဖြူစင်သော်(ခ)မိုချီတို့မှ နည်းမျိုးစုံဖြင့် လိမ်လည်စည်းရုံးခဲ့ကြောင်း သိရသည်။
ထိုသို့ စည်းရုံးပြီးနောက် ၎င်းတို့နေထိုင်ရာဒေသမှ မန္တလေး သို့ခေါ်ယူပြီး ဘီယာဆိုင်နှင့် KTV ဆိုင်များသို့ စေလွှတ်ကာ ဧည့်သည် အမျိုးသားများနှင့် ဘီယာဝိုင်းတွင်ထိုင်စေခြင်း၊ ပြင်ပသို့လိုက်၍ အတူနေထိုင်စေခြင်းများ စေခိုင်းသဖြင့် ယင်းအမျိုးသမီး(၁၃)ဦးမှ အဆင်မပြေ၍ အလုပ်မလုပ်လိုကြောင်း ပြောသော်လည်း ငွေကျပ် (၁၅) သိန်းပေးမှ ပြန်လည်စေလွှတ်မည်ဟု ပြောဆိုခြင်း၊ အမျိုးသားများနှင့် ပြင်ပသို့လိုက်၍ အတူနေထိုင်က တစ်ကြိမ်လျှင် ငွေကျပ် (၂) သိန်းမှ (၂) သိန်းခွဲထိပေးမည်ဟု ပြောဆို ခိုင်းစေခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ကျူးလွန်ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ်(၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ တရားလိုပြုလုပ်တိုင်တန်း ခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်း (ပ)၁၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှု ရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြီးခဲ့သည့်(အောက်တိုဘာ ၂၃ ရက်)က မဟာအောင်မြေ ခရိုင် တရားရုံးမှ ဖမ်းမိသူ သဇင်(ခ)ရာသက်ပန်၊ ကျော်မင်းထွန်း၊ ကျော်သူလင်း(ခ)ကိုပြည့်၊ အောင်လွင်ဦး၊ ဝေလင်းဦးနှင့် လေးလေးမြင့်(ခ)ခွန်းတို့ (၆) ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅) အရ အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်သူ ဖြူစင်သော်(ခ)မိုချီ အား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ ကြောင်း သိရသည်။

zawgy version
အမ်ိဳးသမီး(၁၃)ဦးကို ဘီယာဆိုင္ႏွင့္ KTV ဆိုင္မ်ားသို႔ ပို႔ေဆာင္ကာ ျပည့္တန္ဆာအျဖစ္ေစခိုင္းသူမ်ားအား အလုပ္ႏွင့္ေထာင္ဒဏ္ (၁၅)ႏွစ္ခ်မွတ္
ထိုက္စံ(NP News)-ေအာက္တိုဘာ ၃၀
အမ်ိဳးသမီး(၁၃)ဦးကို ဘီယာဆိုင္ႏွင့္ KTVဆိုင္မ်ားသို႔ ပို႔ေဆာင္ကာ ျပည့္တန္ဆာအျဖစ္ေစခိုင္းသူမ်ားအား အလုပ္ႏွင့္ေထာင္ဒဏ္(၁၅)ႏွစ္ခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တြင္ ေနသူမ်ားျဖစ္သည့္ အမ်ိဳးသမီး (၁၃) ဦးတို႔ကို မႏၲေလးတိုင္းေဒသႀကီးေနသူမ်ားျဖစ္သည့္ သဇင္(ခ) ရာသက္ပန္၊ ေက်ာ္မင္းထြန္း၊ ေက်ာ္သူလင္း(ခ)ကိုျပည့္၊ ေအာင္လြင္ဦး ႏွင့္ ေဝလင္းဦး၊ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕နယ္ေန ေလးေလးျမင့္(ခ)ခြန္းႏွင့္ ပဲခူးတိုင္းေဒသႀကီးေန ျဖဴစင္ေသာ္(ခ)မိုခ်ီတို႔မွ နည္းမ်ိဳးစုံျဖင့္ လိမ္လည္စည္း႐ုံးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ စည္း႐ုံးၿပီးေနာက္ ၎တို႔ေနထိုင္ရာေဒသမွ မႏၲေလး သို႔ေခၚယူၿပီး ဘီယာဆိုင္ႏွင့္ KTV ဆိုင္မ်ားသို႔ ေစလႊတ္ကာ ဧည့္သည္ အမ်ိဳးသားမ်ားႏွင့္ ဘီယာဝိုင္းတြင္ထိုင္ေစျခင္း၊ ျပင္ပသို႔လိုက္၍ အတူေနထိုင္ေစျခင္းမ်ား ေစခိုင္းသျဖင့္ ယင္းအမ်ိဳးသမီး(၁၃)ဦးမွ အဆင္မေျပ၍ အလုပ္မလုပ္လိုေၾကာင္း ေျပာေသာ္လည္း ေငြက်ပ္ (၁၅) သိန္းေပးမွ ျပန္လည္ေစလႊတ္မည္ဟု ေျပာဆိုျခင္း၊ အမ်ိဳးသားမ်ားႏွင့္ ျပင္ပသို႔လိုက္၍ အတူေနထိုင္က တစ္ႀကိမ္လွ်င္ ေငြက်ပ္ (၂) သိန္းမွ (၂) သိန္းခြဲထိေပးမည္ဟု ေျပာဆို ခိုင္းေစျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ယင္းသို႔ က်ဴးလြန္ေၾကာင္း စိစစ္ေပၚေပါက္သျဖင့္ အမွတ္(၁၁) လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု (မႏၲေလး)မွ တရားလိုျပဳလုပ္တိုင္တန္း ခဲ့ရာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ စက္မႈနယ္ေျမရဲစခန္း (ပ)၁၂၀/၂၀၂၅၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၈(က)/၄၄ ျဖင့္ အမႈ ေရးဖြင့္ တရားစြဲတင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၿပီးခဲ့သည့္(ေအာက္တိုဘာ ၂၃ ရက္)က မဟာေအာင္ေျမ ခ႐ိုင္ တရား႐ုံးမွ ဖမ္းမိသူ သဇင္(ခ)ရာသက္ပန္၊ ေက်ာ္မင္းထြန္း၊ ေက်ာ္သူလင္း(ခ)ကိုျပည့္၊ ေအာင္လြင္ဦး၊ ေဝလင္းဦးႏွင့္ ေလးေလးျမင့္(ခ)ခြန္းတို႔ (၆) ဦးကို လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ (၃၅) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၅) ႏွစ္စီ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ၿပီး တိမ္းေရွာင္သူ ျဖဴစင္ေသာ္(ခ)မိုခ်ီ အား ရာဇဝတ္က်င့္ထုံးဥပေဒ ပုဒ္မ ၈၇/၈၈ အတည္ျပဳ ထုတ္ဆင့္ခဲ့ ေၾကာင္း သိရသည္။