NP News

မန်ယူ ဂန္တဝင်ကစားသမားဟောင်း Fabio da Silva ယနေ့ညနေတွင် ရန်ကုန်သို့ရောက်ရှိ

သန့်ဇင် (NP News) - အောက်တိုဘာ ၂၉

မန်ယူ ဂန္တဝင်ကစားသမားဟောင်း Fabio da Silva ယနေ့(အောက်တိုဘာ ၂၉ ရက်) ညနေပိုင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
Melia Grand Ballroomနှင့် Yangon Convention Center (YCC) တို့၌ မနက်ဖြန်မည့်(အောက်တိုဘာ ၃ဝ ရက်) နှင့် (နိုဝင်ဘာ ၁ ရက်)တို့၌ ပရိသတ်များနှင့်တွေ့ဆုံမည့် Legendary Players Meet and Greet in Yangon ပွဲသို့တက်ရောက်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲသို့ မန်ယူဂန္တဝင်ကစားသမားများဖြစ်ကြသည့် Patrice Evra၊ Antonio Valencia နှင့် Anderson တို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
မန်ယူဂန္တဝင်များနှင့် မြန်မာနိုင်ငံမှ မန်ယူပရိတ်သက်များ ပါဝင်မည့် ပွဲကြီး၏ လက်မှတ်ဈေးနှုန်းများသည် အနည်းဆုံး ကျပ်တစ်သိန်းမှစတင်ကာ အများဆုံး ကျပ်သုံးသိန်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မူရင်းသတင်း — NP News