
ထိုက်စံ(NP News)- အောက်တိုဘာ ၂၉
ဝါရင့်အနုပညာရှင်များ၏ အတွေ့အကြုံနှင့် အတတ်ပညာများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့(အောက်တိုဘာ ၂၉ ရက်)နံနက်ပိုင်းက ကျင်းပသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက ယခင်နှစ် မန္တလေးငလျင်ကြီးကြောင့် မကျင်းပနိုင်ခဲ့သည့် ပြိုင်ပွဲအမျိုးအစားအချို့အပါအဝင် ဝါသနာရှင်အဆင့်၊ ဇာတ်တော်ကြီးနှင့် ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲများကို ယခုနှစ်တွင် ပြန်လည်ထည့်သွင်းကျင်းပနိုင်ခဲ့ကြောင်း၊ မျိုးဆက်သစ်လူငယ်များ၏ ပါဝင်ယှဉ်ပြိုင်မှုနှင့် ဆုရရှိမှု တိုးမြင့်လာခြင်းသည် မြန်မာ့ရိုးရာအနုပညာအပေါ် စိတ်ဝင်စားမြတ်နိုးမှု တိုးတက်လာခြင်းဖြစ်ကြောင်း သမ္မတက ဆိုသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုသည် ဝတ်စားဆင်ယင်မှု၊ ဘာသာစကားနှင့် ရိုးရာဓလေ့ထုံးတမ်းများသာမက မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်တေးသီချင်း၊ မြန်မာ့မူဟန်အက၊ ရိုးရာတူရိယာ၊ ဇာတ်သဘင်နှင့် ရုပ်စုံသဘင်တို့အပါအဝင် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသည့် အနုပညာအမွေအနှစ်များဖြစ်သဖြင့် ရိုးရာအနှစ်သာရ မပျောက်ပျက်စေဘဲ ဆက်လက်ထိန်းသိမ်းမြှင့်တင်ကြရန်၊ ဝါရင့်အနုပညာရှင်များ၏ အတွေ့အကြုံနှင့် အတတ်ပညာများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးရန် သမ္မတက ပြောကြားခဲ့သည်။
ထို့ပြင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများသည် အနုပညာပြိုင်ပွဲများသာမက တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းသည့်ပွဲ၊ မျိုးဆက်သစ်အနုပညာရှင်များ ပေါင်းကူးဆက်သွယ်သည့်ပွဲဖြစ်သဖြင့် မိမိတို၏ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသကဲ့သို အခြားတိုင်းရင်းသားများ၏ ယဉ်ကျေးမှုကိုလည်း အပြန်အလှန်လေးစား၍ ပြည်ထောင်စုစည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မာစေရန် ပြောကြားခဲ့သည်။
နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် သဘာဝသယံဇာတ၊ ခေတ်မီနည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များသာမက အမျိုးသားယဉ်ကျေးမှုအခြေခံများ ခိုင်မာရန်လည်း လိုအပ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် မြန်မာ့သမိုင်းအစဉ်အလာ၊ ရိုးရာယဉ်ကျေးမှုနှင့် လူမှုကျင့်ဝတ်တန်ဖိုးများကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လိုစိတ်များ ရှင်သန်ခိုင်မာလာစေရန် သမ္မတက မှာကြားသည်။
ထို့ပြင် ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် မိမိတို၏ အနုပညာအရည်အသွေးများ ပိုမိုတိုးတက်စေရန် ဆက်လက်လေ့လာလေ့ကျင့်ကြရန်နှင့် ဆုမရရှိသေးသူများအနေဖြင့်လည်း ဇွဲလုံလမလျှော့ဘဲ ဆက်လက်ကြိုးပမ်းကြရန် အားပေးတိုက်တွန်းခဲ့ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်ရှင်သန်ဖွံဖြိုးရေးအတွက် အနုပညာရှင်များနှင့် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လည်း သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။


zawgyi version
ဝါရင့္အႏုပညာရွင္မ်ား၏ အေတြ႕အႀကဳံႏွင့္ အတတ္ပညာမ်ားကို မ်ိဳးဆက္သစ္မ်ားထံ လက္ဆင့္ကမ္းေပးရန္သမၼတေျပာ
ထိုက္စံ(NP News)- ေအာက္တိုဘာ ၂၉
ဝါရင့္အႏုပညာရွင္မ်ား၏ အေတြ႕အႀကဳံႏွင့္ အတတ္ပညာမ်ားကို မ်ိဳးဆက္သစ္မ်ားထံ လက္ဆင့္ကမ္းေပးရန္ ႏိုင္ငံေတာ္သမၼတ ဦးမင္းေအာင္လႈိင္က ယေန႔(ေအာက္တိုဘာ ၂၉ ရက္)နံနက္ပိုင္းက က်င္းပသည့္ (၂၇) ႀကိမ္ေျမာက္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ အဆို၊ အက၊ အေရး၊ အတီးၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲအခမ္းအနားတြင္ တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္သမၼတက ယခင္ႏွစ္ မႏၲေလးငလ်င္ႀကီးေၾကာင့္ မက်င္းပႏိုင္ခဲ့သည့္ ၿပိဳင္ပြဲအမ်ိဳးအစားအခ်ိဳ႕အပါအဝင္ ဝါသနာရွင္အဆင့္၊ ဇာတ္ေတာ္ႀကီးႏွင့္ ႐ုပ္စုံသဘင္အဖြဲ႕လိုက္ၿပိဳင္ပြဲမ်ားကို ယခုႏွစ္တြင္ ျပန္လည္ထည့္သြင္းက်င္းပႏိုင္ခဲ့ေၾကာင္း၊ မ်ိဳးဆက္သစ္လူငယ္မ်ား၏ ပါဝင္ယွဥ္ၿပိဳင္မႈႏွင့္ ဆုရရွိမႈ တိုးျမင့္လာျခင္းသည္ ျမန္မာ့႐ိုးရာအႏုပညာအေပၚ စိတ္ဝင္စားျမတ္ႏိုးမႈ တိုးတက္လာျခင္းျဖစ္ေၾကာင္း သမၼတက ဆိုသည္။
ျမန္မာ့႐ိုးရာယဥ္ေက်းမႈသည္ ဝတ္စားဆင္ယင္မႈ၊ ဘာသာစကားႏွင့္ ႐ိုးရာဓေလ့ထုံးတမ္းမ်ားသာမက မဟာဂီတ၊ ေခတ္ေဟာင္းကာလေပၚေတးသီခ်င္း၊ ျမန္မာ့မူဟန္အက၊ ႐ိုးရာတူရိယာ၊ ဇာတ္သဘင္ႏွင့္ ႐ုပ္စုံသဘင္တို႔အပါအဝင္ ေခတ္အဆက္ဆက္ လက္ဆင့္ကမ္းလာသည့္ အႏုပညာအေမြအႏွစ္မ်ားျဖစ္သျဖင့္ ႐ိုးရာအႏွစ္သာရ မေပ်ာက္ပ်က္ေစဘဲ ဆက္လက္ထိန္းသိမ္းျမႇင့္တင္ၾကရန္၊ ဝါရင့္အႏုပညာရွင္မ်ား၏ အေတြ႕အႀကဳံႏွင့္ အတတ္ပညာမ်ားကို မ်ိဳးဆက္သစ္မ်ားထံ လက္ဆင့္ကမ္းေပးရန္ သမၼတက ေျပာၾကားခဲ့သည္။
ထို႔ျပင္ အဆို၊ အက၊ အေရး၊ အတီးၿပိဳင္ပြဲမ်ားသည္ အႏုပညာၿပိဳင္ပြဲမ်ားသာမက တိုင္းရင္းသားမ်ား၏ ႐ိုးရာယဥ္ေက်းမႈမ်ားကို ေဖာ္ထုတ္ထိန္းသိမ္းသည့္ပြဲ၊ မ်ိဳးဆက္သစ္အႏုပညာရွင္မ်ား ေပါင္းကူးဆက္သြယ္သည့္ပြဲျဖစ္သျဖင့္ မိမိတို၏ ယဥ္ေက်းမႈကို ျမတ္ႏိုးတန္ဖိုးထားသကဲ့သို အျခားတိုင္းရင္းသားမ်ား၏ ယဥ္ေက်းမႈကိုလည္း အျပန္အလွန္ေလးစား၍ ျပည္ေထာင္စုစည္းလုံးညီၫြတ္ေရးကို ပိုမိုခိုင္မာေစရန္ ေျပာၾကားခဲ့သည္။
ႏိုင္ငံဖြံၿဖိဳးတိုးတက္ေရးအတြက္ သဘာဝသယံဇာတ၊ ေခတ္မီနည္းပညာႏွင့္ လူ႔စြမ္းအားအရင္းအျမစ္မ်ားသာမက အမ်ိဳးသားယဥ္ေက်းမႈအေျခခံမ်ား ခိုင္မာရန္လည္း လိုအပ္ေၾကာင္း၊ မ်ိဳးဆက္သစ္လူငယ္မ်ားအေနျဖင့္ ျမန္မာ့သမိုင္းအစဥ္အလာ၊ ႐ိုးရာယဥ္ေက်းမႈႏွင့္ လူမႈက်င့္ဝတ္တန္ဖိုးမ်ားကို သိရွိနားလည္ၿပီး မ်ိဳးခ်စ္စိတ္ဓာတ္၊ အမ်ိဳးသားေရးစိတ္ဓာတ္ႏွင့္ အမ်ိဳးသားအက်ိဳးစီးပြားကို ကာကြယ္ေစာင့္ေရွာက္လိုစိတ္မ်ား ရွင္သန္ခိုင္မာလာေစရန္ သမၼတက မွာၾကားသည္။
ထို႔ျပင္ ဆုရရွိသည့္ အႏုပညာရွင္မ်ားအေနျဖင့္ မိမိတို၏ အႏုပညာအရည္အေသြးမ်ား ပိုမိုတိုးတက္ေစရန္ ဆက္လက္ေလ့လာေလ့က်င့္ၾကရန္ႏွင့္ ဆုမရရွိေသးသူမ်ားအေနျဖင့္လည္း ဇြဲလုံလမေလွ်ာ့ဘဲ ဆက္လက္ႀကိဳးပမ္းၾကရန္ အားေပးတိုက္တြန္းခဲ့ၿပီး ျမန္မာ့႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္မ်ား ေရရွည္ရွင္သန္ဖြံၿဖိဳးေရးအတြက္ အႏုပညာရွင္မ်ားႏွင့္ တာဝန္ရွိသူမ်ားအားလုံး ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ၾကရန္လည္း သမၼတက တိုက္တြန္းေျပာၾကားခဲ့သည္။