NP News

ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးတွင် Online Booking ပါ အမည်အတိုင်းသာ ဆောင်ရွက်ပေးမည်

စိမ့်စမ်းရေ (NP News) - အောက်တိုဘာ ၂၉

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းနှင့် မွေးတိုးလျှောက်ထားခြင်းများ ဆောင်ရွက်ရာ၌ Online Booking ပါ အမည်နှင့် ကိုက်ညီသူကိုသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ ဆိုးလ်မြို့က ယနေ့ (အောက်တိုဘာလ ၂၉ ရက်) တွင် အသိပေးကြေညာထားသည်။

ထို့ပြင် အခြားသူကိုယ်စား အစားထိုးလာရောက်ဆောင်ရွက်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်းလည်း အသိပေးကြေညာထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် GlowMate Application မှတစ်ဆင့် Online Booking ရယူပြီး အဆိုပါဝန်ဆောင်မှုများကို လာရောက်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ထိုသို့လာရောက်ဆောင်ရွက်ရာတွင် Booking ၌ ဖော်ပြထားသည့် အမည်နှင့် ကိုက်ညီသူကိုသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version




မူရင်းသတင်း — NP News