NP News

BIMSTEC ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းတွင် မြန်မာ့ရေတပ်မှ စစ်ရေယာဉ်တစ်စီး ပါဝင်

စိမ့်စမ်းရေ (NP News) - အောက်တိုဘာ ၂၉

BIMSTEC ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းတွင် မြန်မာတပ်မတော် (ရေ) မှ စစ်ရေယာဉ် အောင်ဇေယျ (F-11) ပါဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏ ယနေ့ (အောက်တိုဘာ ၂၉) ရက် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါလေ့ကျင့်ခန်းကို အိန္ဒိယနိုင်ငံ၊ Sri Vijaya Puram မြို့တွင် လာမည့် အောက်တိုဘာလ (၃၀) ရက်မှ နိုဝင်ဘာလ (၂) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး BIMSTEC အဖွဲ့ဝင်နိုင်ငံများမှ ရေတပ်များနှင့် သက်ဆိုင်ရာဌာနများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာတပ်မတော် (ရေ) မှ စစ်ရေယာဉ် အောင်ဇေယျ (F-11) သည် လေ့ကျင့်ခန်းတွင် ပါဝင်ရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာလ (၂၇) ရက်တွင် ရန်ကုန်မြို့မှ Sri Vijaya Puram မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါလေ့ကျင့်ခန်းသည် ဘင်္ဂလားပင်လယ်အော်အတွင်း ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းနိုင်ရေးနှင့် ဒေသတွင်းနိုင်ငံများအကြား ပင်လယ်ပြင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးတို့ကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version

BIMSTEC ပင္လယ္ျပင္လုံၿခဳံေရးဆိုင္ရာ ေလ့က်င့္ခန္းတြင္ ျမန္မာ့ေရတပ္မွ စစ္ေရယာဥ္တစ္စီး ပါဝင္
စိမ့္စမ္းေရ (NP News) - ေအာက္တိုဘာ ၂၉
BIMSTEC ပင္လယ္ျပင္လုံၿခဳံေရးဆိုင္ရာ ေလ့က်င့္ခန္းတြင္ ျမန္မာတပ္မေတာ္ (ေရ) မွ စစ္ေရယာဥ္ ေအာင္ေဇယ် (F-11) ပါဝင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံး၏ ယေန႔ (ေအာက္တိုဘာ ၂၉) ရက္ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါေလ့က်င့္ခန္းကို အိႏၵိယႏိုင္ငံ၊ Sri Vijaya Puram ၿမိဳ႕တြင္ လာမည့္ ေအာက္တိုဘာလ (၃၀) ရက္မွ ႏိုဝင္ဘာလ (၂) ရက္အထိ က်င္းပသြားမည္ျဖစ္ၿပီး BIMSTEC အဖြဲ႕ဝင္ႏိုင္ငံမ်ားမွ ေရတပ္မ်ားႏွင့္ သက္ဆိုင္ရာဌာနမ်ား ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာတပ္မေတာ္ (ေရ) မွ စစ္ေရယာဥ္ ေအာင္ေဇယ် (F-11) သည္ ေလ့က်င့္ခန္းတြင္ ပါဝင္ရန္အတြက္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၂၇) ရက္တြင္ ရန္ကုန္ၿမိဳ႕မွ Sri Vijaya Puram ၿမိဳ႕သို႔ ထြက္ခြာသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါေလ့က်င့္ခန္းသည္ ဘဂၤလားပင္လယ္ေအာ္အတြင္း ပင္လယ္ျပင္လုံၿခဳံေရးဆိုင္ရာ စိန္ေခၚမႈမ်ားကို ပူးေပါင္းေျဖရွင္းႏိုင္ေရးႏွင့္ ေဒသတြင္းႏိုင္ငံမ်ားအၾကား ပင္လယ္ျပင္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ႏိုင္ေရးတို႔ကို ရည္႐ြယ္၍ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

မူရင်းသတင်း — NP News