
စော(NP News)- နိုဝင်ဘာ ၃
ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းအတွက် အွန်လိုင်းရောင်းချခွင့်လုပ်ငန်းမှတ်ပုံ တင်အား သက်တမ်းတိုးခွင့်မပြုကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ယနေ့ (နိုဝငဘာ ၃ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်၊ အောက်တိုဘာ (၂)ရက်မှ (၂၀၂၆)ခုနှစ်၊ အောက်တိုဘာ (၉)ရက်အထိ လက်ဝတ်ရတနာပစ္စည်း အုပ်စု ဖြင့် Online Sale မှတ်ပုံတင်လက်မှတ်စောင်ရေ (၈၁၁)စောင် ခွင့်ပြုထုတ်ပေးထားပြီး မှတ်ပုံတင်သက်တမ်း ရှိနေသည့် စောင်ရေ(၂၄၁)စောင်နှင့် သက်တမ်းကုန်ဆုံးသည့် စောင်ရေ(၅၇၀) ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် နိုင်ငံတော်မှ လက်တလော ထိန်းကြောင်းနေသည့် ဒေါ်လာ၊ ရွှေ၊ ကားဈေးနှုန်း တည်ငြိမ်စေ ရေး ဆောင်ရွက်မှုများအား ပံ့ပိုးစေရေးအတွက် ရွှေ၊ရွှေကြမ်း၊ လက်ဝတ် ရတနာ၊ ရွှေနှင့်ရွှေကြမ်းဖြင့် ပြုလုပ်ထားသော ပစ္စည်းများ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်း ယာယီခွင့်မပြုကြောင်းလည်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ခွင့်ပြုပြီးလုပ်ငန်းမှတ်ပုံတင်အား သက်တမ်းတိုးခွင့် မပြုကြောင်းနှင့် ကျောက် မျက်ရတနာ သီးခြား ရောင်းချခြင်းလုပ်ငန်းအား ဝန်ခံကတိဖြင့် ခွင့်ပြုလျက် ရှိကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အသိပေးထုတ်ပြန်ထားသည်။