
ထိုက်စံ (NP News)- နိုဝင်ဘာ ၃
ကားလမ်းပိတ်သောကြောင့် ကုန်ဈေးနှုန်း မြင့်တက်မှုအပြင် ပစ္စည်းတာရှည်ခံစေရန်ပြုလုပ်သည့် ဒဏ်ကိုပါ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှပြည်သူများခံစားနေရကြောင်း ဒေသခံတစ်ဦးက NP News သို့ပြောသည်။
မြစ်ကြီးနားမြို့သို့ ကုန်စည်စီးဆင်းရာလမ်းကြောင်းများပိတ်ဆို့မှုနှင့် ခရီးလမ်းကြာမြင့်မှုများ ကြောင့် မြို့တွင်း၌ ကုန်ဈေးနှုန်းများမြင့်တက်နေပြီး အဓိကအားဖြင့် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်မှာ ဈေးနှုန်းမြင့်တက်နေပြီး ပြည်သူများအခက်အခဲဖြစ်နေကြောင်း သိရသည်။
ထိုသို့ ကုန်ဈေးနှုန်းကြီးမြင့်နေသည့်ဒဏ်ကို ပြည်သူများခံစားနေရသည့်အပြင် ကားလမ်း၌ ခရီး လမ်းကြာမြင့်မှုကြောင့် ဈေးကွက်အတွင်းရောင်းချနေသည့် အသား၊ ငါးများသည် လတ်ဆတ်မှုမရှိဘဲ တာ ရှည်ခံဓာတုဆေးများသုံးစွဲထားသည်ဟု ယူဆရသောကြောင့် ပြည်သူများစားသုံးရာတွင် စိုးရိမ်ပူ ပန်မှုများရှိနေကြောင်း ၎င်းကပြောသည်။
“အဓိက ငါးပေါ့။ တာရှည်ခံဆေးတွေထိုး ထားတယ်လို့ပြောတယ်။ အခုစားရတာက ပိုပြီး သိသာ တယ်။ ဈေးထဲမှာလည်း အချင်းချင်းပြောကြသံလည်းကြားတာပေါ့။ ကြက်သားတွေကတော့ အရှင်သယ် တော့ဘာမှမဖြစ်ဘူးလေ။ ငါးက အသေကိုရေခဲတွေနဲ့အုပ်ပြီးသယ်ခဲ့ရတာဆိုတော့။ ရေခဲဖိုးလည်း မတတ်နိုင်တော့ဘူးလေ။ လမ်းတွေပိတ်ရက်လည်း အရမ်းရှည်ကြာတာဆိုတော့ ဆေးတွေထိုးတယ်လို့ ပြောတယ်။ တာရှည်ခံတဲ့ဆေးပေါ့”ဟု ၎င်းကပြောသည်။
အဆိုပါ တာရှည်ခံဆေးသုံးစွဲထားသည့် ငါးများသည် လတ်ဆတ်မှုမရှိသည့်ပုံစံဖြစ်သော်လည်း ပုပ်နံ့မရရှိကြောင်း ၎င်းကဆိုသည်။
“ငါးတွေ စားမကောင်းဘူးပေါ့။ ဝယ်ကတည်းက ငါးက အသားက မလတ်ဆတ်ဘူး။ ပုံစံကလည်း နွမ်းတယ်။ ဒါပေမဲ့ အပုပ်နံ့မရဘူး။ ချက်စားရတာလည်းအရသာမရှိဘူး။ အနံ့လည်းမမွှေးဘူးပေါ့။ ဝယ် စားရတာကတော့ ဒီဈေးနှုန်းပဲ။ ဈေးကြီးတယ်ပေါ့။ အရင်တုန်းက စားရတာဒီလိုမဖြစ်ဘူး။ အခုက စားရ တာသိသာတယ်။ တခြား ပတ်ဝန်းကျင်က ပြောတာမျိုးတွေလည်းကြားရတာပေါ့”ဟု ၎င်းကပြောသည်။ ထို့ကြောင့် ပြည်သူများမှဘေးဖြစ်မည်ကို စိုးရိမ်ကြသည့်အတွက် ဆန္ဒရှိသကဲ့သို့ ဝယ်ယူစားသုံးခြင်း မရှိ ကြောင်း သိရသည်။
“အခုက အသား၊ ငါးတွေက ဒီလိုဖြစ်နေတော့ တချို့စိုးရိမ်တဲ့သူတွေက ဝယ်မစားဖြစ်ကြဘူးပေါ့။ တာရှည်ခံဆေးတွေလည်းထိုးထားတော့ ဆိုး ကျိုးဖြစ်မှာကြောက်ကြတယ်လေ။ ကြာကြာစားရင်လည်း မကောင်းဘူး။ ဘာဖြစ်လာနိုင်မလဲမသိဘူးပေါ့”ဟု ၎င်းကပြောသည်။
ယင်းဖြစ်စဉ်များကြောင့် ပြည်သူများမှ စား သောက်ကုန်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိ လာကြောင်းလည်း င်းကပြောသည်။
“အခုက မြစ်ကြီးနားမှာက အစစအရာ အခက်အခဲရှိနေတာ။ အခုဆိုရင် စားသောက်ရတဲ့အပိုင်း မှာတောင် ဆင်ခြင်ရတာတွေရှိလာပြီ။ ကိုယ်စားချင်တိုင်းစားလို့မရတော့ဘူးပေါ့။ လူတွေအတွက်လိုအပ် တဲ့ အာဟာရဖြစ်တဲ့အသားတွေကို ဒီလိုမျိုးရှောင်ကြဉ်ရတယ်ဆိုတော့လည်း ဆိုးတာပေါ့။ အစကတည်း က ကုန်ဈေးနှုန်းတက်လို့ရှောင်ရတဲ့အပြင် အခုကကိုယ်စားတဲ့အစားသောက်က ဘေးဖြစ်မှာစိုးလို့ရှောင် ရတယ်ဆိုတော့ ဆိုးတာပေါ့။ နောက်ဆိုရင် ဘာတွေရှောင်ရမလဲဆိုပြီး စိုးရိမ်ပူပန်မှုတွေဖြစ်လာတာ ပေါ့”ဟု ၎င်းကပြောသည်။