
စိမ့်စမ်းရေ (NP News) - အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းနှင့် ရာဇဓိရာဇ်လမ်းတွင် လာမည့် နိုဝင်ဘာ (၁) ရက်မှစ၍ နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ ယာဉ်ရပ်နားခ (၁) နာရီလျှင် (၅၀၀) ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယာဉ်ရပ်နားခ ကောက်ခံမည့်နေရာများမှာ ကျောက်တံတားမြို့နယ်ရှိ ကမ်းနားလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းကြား၊ ရာဇဓိရာဇ်လမ်းမှ အောင်ရတနာလမ်းကြားကို ဇုန် (၈) ဇုန်ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယာဉ်ရပ်နားခမှာ (၁) နာရီလျှင် (၅၀၀) ကျပ်ဖြစ်ပြီး ကျော်လွန်ရပ်နားသည့် မိနစ် (၃၀) အတွင်းလျှင် (၃၀၀) ကျပ်နှင့် ကျော်လွန်ရပ်နားသည့် မိနစ် (၆၀) အထိလျှင် (၅၀၀) ကျပ် ထပ်မံကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်ရပ်နားခကောက်ခံခြင်းလုပ်ငန်းကို သတင်းစာများမှ တင်ဒါခေါ်ယူ၍ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


zawgyi version
ကမ္းနားလမ္းႏွင့္ ရာဇဓိရာဇ္လမ္းတြင္ ယာဥ္ရပ္နားခ (၁) နာရီလွ်င္ (၅၀၀) က်ပ္ ေကာက္ခံမည္
စိမ့္စမ္းေရ (NP News) - ေအာက္တိုဘာ ၂၉
ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ကမ္းနားလမ္းႏွင့္ ရာဇဓိရာဇ္လမ္းတြင္ လာမည့္ ႏိုဝင္ဘာ (၁) ရက္မွစ၍ ေန႔စဥ္ နံနက္ (၈) နာရီမွ ညေန (၆) နာရီအထိ ယာဥ္ရပ္နားခ (၁) နာရီလွ်င္ (၅၀၀) က်ပ္ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယာဥ္ရပ္နားခ ေကာက္ခံမည့္ေနရာမ်ားမွာ ေက်ာက္တံတားၿမိဳ႕နယ္ရွိ ကမ္းနားလမ္းမွ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းၾကား၊ ရာဇဓိရာဇ္လမ္းမွ ေအာင္ရတနာလမ္းၾကားကို ဇုန္ (၈) ဇုန္ခြဲ၍ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ယာဥ္ရပ္နားခမွာ (၁) နာရီလွ်င္ (၅၀၀) က်ပ္ျဖစ္ၿပီး ေက်ာ္လြန္ရပ္နားသည့္ မိနစ္ (၃၀) အတြင္းလွ်င္ (၃၀၀) က်ပ္ႏွင့္ ေက်ာ္လြန္ရပ္နားသည့္ မိနစ္ (၆၀) အထိလွ်င္ (၅၀၀) က်ပ္ ထပ္မံေကာက္ခံသြားမည္ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ယာဥ္ရပ္နားခေကာက္ခံျခင္းလုပ္ငန္းကို သတင္းစာမ်ားမွ တင္ဒါေခၚယူ၍ တင္ဒါစနစ္ျဖင့္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။