NP News

အသင်းတွင် ဆုကြေး၊ ဒဏ်ကြေးစနစ်ရှိသည်မှာမှန်သော်လည်း တစ်ပွဲရှုံးက လစာတစ်ဝက်ဖြတ်တောက်ခြင်းမှာ မမှန်ကန်ကြောင်း မြဝတီအသင်းရှင်းလင်း

သန့်ဇင်(NP News)-အောက်တိုဘာ ၂၉

မြဝတီဘောလုံးကလပ်အသင်းတွင် ဆုပေး၊ ဒဏ်ပေးစနစ်ရှိသည်မှာမှန်ကန်‌သော်လည်း တစ်ပွဲရှုံးက လစာတစ်ဝက်နှင့် ကျပ်(၅)သောင်း ဖြတ်တောက်ခြင်း မှာမမှန်ကန်ကြောင်း ယနေ့(အောက်တိုဘာ ၂၉ ရက်တွင်) အသင်းဘက်မှရှင်းလင်းချက်ထုတ်ပြန်ထားသည်။

ယခုနှစ် (၂၀၂၆-၂၀၂၇) ရာသီ မြန်မာအမျိုးသမီးလိဂ်တွင် ပါဝင်ယှဉ်ပြိုင်နေသည့် မြဝတီအမျိုးသမီးအသင်းသည် ကစားသမားများအား လစာ၊ စားစရိတ်နှင့် ဝတ်စုံစရိတ်၊ ဖိနပ်ဖိုးစသည်တို့အား ထောက်ပံ့ပေးထားကြောင်း ရှင်းလင်းချက်တွင် ရေးသားထားသည်။

ထို့ပြင် လက်ရှိ Social Media တွင် ပြန့်နှံ့လျက်ရှိသော အသင်းမှ ကစားသမားတစ်ဦး၏ ပြောဆိုချက်နှင့်ပတ်သက်၍ မြဝတီဘောလုံးအလပ်မှ ပွဲကန်အနိုင်၊ အရှုံးပေါ်မူတည်၍ ဆုကြေး၊ ဒဏ်ကြေးများအား ပွင့်လင်းမြင်သာစွာ အသင်းတွင် ချပြထားပြီး ဖြစ်ကြောင်းလည်း ရေးသားထားသည်။

မြဝတီအမျိုးသမီးအသင်းမှ လက်ရှိကစားသမားများအား လစဉ်လစာ နှင့် စားစရိတ်အား တစ်လလျှင် ကစားသမားတစ်ဦးအား ကျပ် (၅) သိန်းနှင့်အထက် အနည်းဆုံး ပေးချေနေရကြောင်း သိရသည်။

ထို့နောက် Social Media တွင်ပျံ့နှံ့နေသော မြဝတီဘောလုံးအသင်းမှ ကစားသမားတစ်ဦးက "ဒိုင်များ၏ အသင်းကြီး/ငယ်အပေါ် ဘက်လိုက်မှုများကြောင့် မိမိတို့အသင်း နစ်နာမှုများရှိကြောင်း၊ ဒိုင်တွေအတွက် ဘာမှမဖြစ်ပေမယ့် အသင်းကရှုံးသွားရင် ဒဏ်ကြေးဖြတ်ခံရကြောင်း၊ ပြီးခဲ့တဲ့လက လစာထဲက (၅) သောင်းဖြတ်ကြောင်း" စသည်ဖြင့် ပြောကြားခဲ့သည်ကို တွေ့ရှိရပြီး ပရိသတ်များနှင့် Social Media ပေါ်တွင် Negative Comment များ အများအပြား တွေ့ရှိလာရကြောင်းလည်း စာတွင်ရေးသားထားသည်။

ထို့ပြင် မြဝတီဘောလုံးအသင်း ကစားသမားများအား လစာနှင့် စာစရိတ်အားတစ်ရက်လျှင် (၈၆၀၀)ကျပ်နှုန်းနှင့် အဆောင်စီစဉ်ပေးထားကြောင်း၊ League တွင် အဆင့်မှီစွာ ယှဉ်ပြိုင်နိုင်ရန် ကစားသမားအသုံးအဆောင်များဖြစ်သည့် ဝတ်စုံ၊ ဖိနပ်၊ လက်အိတ်၊ ခြေအိတ်စသည်တို့အပြင် ကြံ့ခိုင်မှုအတွက် Gym နည်းပြများ (Gym Trainers) ငှားရမ်း၍ လေ့ကျင့်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြရေးသားထားသည်။

မြဝတီအသင်းသည် အများပိုင်အစုရှယ်ယာများဖြင့် တည်ထောင်ထားသော အသင်းများဖြစ်သည့်အတွက် ငွေကြေးသုံးစွဲမှုအားလုံးအား စနစ်တကျ စိစစ်သုံးစွဲရကြောင်း၊ အကျိုးစီးပွားရရှိနိုင်ရေးအတွက် တည်ထောင်ထားခြင်းမျိုးမဟုတ်ဘဲ နှစ်စဉ်အသင်း (၃) သင်းအတွက် သိန်းပေါင်း (၁) သောင်းကျော် စိုက်ထုတ်သုံးစွဲ၍ မြန်မာနိုင်ငံဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပေးနေခြင်း ဖြစ်ကြောင်းလည်း စာတွင်ရေးသားထားသည်။

ထို့ပြင် လက်ရှိ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် အသင်း (၃) သင်း (အမျိုးသားအသင်းကြီး၊ အမျိုးသား U-20၊ အမျိုးသမီး) အတွက် ငွေကျပ် (၁ ဒသမ ၄) ဘီလျံအထိ သုံးစွဲရန် လျာထားခဲ့ပြီးလည်း ဖြစ်ကြောင်းနှင့် ဧပြီလမှ ယခု စက်တင်ဘာလအထိ အသင်း (၃) သင်းအတွက် သိန်း (၇၀၀၀) ကျော်သုံးစွဲခဲ့ပြီးဖြစ်ကြောင်းလည်း ရေးသထားသည်။

ထို့ကြောင့် မြဝတီအသင်းမူဝါဒအရ ဆုကြေး၊ ဒဏ်ကြေးစနစ်အား ဆောင်ရွက်လျက်ရှိကြောင်းနှင့် တစ်ပွဲရှုံးလျှင် လစာတစ်ဝက်ဖြတ်ခြင်း၊ ကျပ် (၅) သောင်းဖြတ်ခြင်းများ သည် လုံးဝ မဟုတ်မှန်ကြောင်း စာတွင်ရေးသားထားသည်။

zawgyi version

အသင္းတြင္ ဆုေၾကး၊ ဒဏ္ေၾကးစနစ္ရွိသည္မွာမွန္ေသာ္လည္း တစ္ပြဲရႈံးက လစာတစ္ဝက္ျဖတ္ေတာက္ျခင္းမွာ မမွန္ကန္ေၾကာင္း ျမဝတီအသင္းရွင္းလင္း

သန႔္ဇင္(NP News)-ေအာက္တိုဘာ ၂၉

ျမဝတီေဘာလုံးကလပ္အသင္းတြင္ ဆုေပး၊ ဒဏ္ေပးစနစ္ရွိသည္မွာမွန္ကန္‌ေသာ္လည္း တစ္ပြဲရႈံးက လစာတစ္ဝက္ႏွင့္ က်ပ္(၅)ေသာင္း ျဖတ္ေတာက္ျခင္း မွာမမွန္ကန္ေၾကာင္း ယေန႔(ေအာက္တိုဘာ ၂၉ ရက္တြင္) အသင္းဘက္မွရွင္းလင္းခ်က္ထုတ္ျပန္ထားသည္။

ယခုႏွစ္ (၂၀၂၆-၂၀၂၇) ရာသီ ျမန္မာအမ်ိဳးသမီးလိဂ္တြင္ ပါဝင္ယွဥ္ၿပိဳင္ေနသည့္ ျမဝတီအမ်ိဳးသမီးအသင္းသည္ ကစားသမားမ်ားအား လစာ၊ စားစရိတ္ႏွင့္ ဝတ္စုံစရိတ္၊ ဖိနပ္ဖိုးစသည္တို႔အား ေထာက္ပံ့ေပးထားေၾကာင္း ရွင္းလင္းခ်က္တြင္ ေရးသားထားသည္။

ထို႔ျပင္ လက္ရွိ Social Media တြင္ ျပန္႔ႏွံ႔လ်က္ရွိေသာ အသင္းမွ ကစားသမားတစ္ဦး၏ ေျပာဆိုခ်က္ႏွင့္ပတ္သက္၍ ျမဝတီေဘာလုံးအလပ္မွ ပြဲကန္အႏိုင္၊ အရႈံးေပၚမူတည္၍ ဆုေၾကး၊ ဒဏ္ေၾကးမ်ားအား ပြင့္လင္းျမင္သာစြာ အသင္းတြင္ ခ်ျပထားၿပီး ျဖစ္ေၾကာင္းလည္း ေရးသားထားသည္။

ျမဝတီအမ်ိဳးသမီးအသင္းမွ လက္ရွိကစားသမားမ်ားအား လစဥ္လစာ ႏွင့္ စားစရိတ္အား တစ္လလွ်င္ ကစားသမားတစ္ဦးအား က်ပ္ (၅) သိန္းႏွင့္အထက္ အနည္းဆုံး ေပးေခ်ေနရေၾကာင္း သိရသည္။

ထို႔ေနာက္ Social Media တြင္ပ်ံ႕ႏွံ႔ေနေသာ ျမဝတီေဘာလုံးအသင္းမွ ကစားသမားတစ္ဦးက "ဒိုင္မ်ား၏ အသင္းႀကီး/ငယ္အေပၚ ဘက္လိုက္မႈမ်ားေၾကာင့္ မိမိတို႔အသင္း နစ္နာမႈမ်ားရွိေၾကာင္း၊ ဒိုင္ေတြအတြက္ ဘာမွမျဖစ္ေပမယ့္ အသင္းကရႈံးသြားရင္ ဒဏ္ေၾကးျဖတ္ခံရေၾကာင္း၊ ၿပီးခဲ့တဲ့လက လစာထဲက (၅) ေသာင္းျဖတ္ေၾကာင္း" စသည္ျဖင့္ ေျပာၾကားခဲ့သည္ကို ေတြ႕ရွိရၿပီး ပရိသတ္မ်ားႏွင့္ Social Media ေပၚတြင္ Negative Comment မ်ား အမ်ားအျပား ေတြ႕ရွိလာရေၾကာင္းလည္း စာတြင္ေရးသားထားသည္။

ထို႔ျပင္ ျမဝတီေဘာလုံးအသင္း ကစားသမားမ်ားအား လစာႏွင့္ စာစရိတ္အားတစ္ရက္လွ်င္ (၈၆၀၀)က်ပ္ႏႈန္းႏွင့္ အေဆာင္စီစဥ္ေပးထားေၾကာင္း၊ League တြင္ အဆင့္မွီစြာ ယွဥ္ၿပိဳင္ႏိုင္ရန္ ကစားသမားအသုံးအေဆာင္မ်ားျဖစ္သည့္ ဝတ္စုံ၊ ဖိနပ္၊ လက္အိတ္၊ ေျခအိတ္စသည္တို႔အျပင္ ႀကံ့ခိုင္မႈအတြက္ Gym နည္းျပမ်ား (Gym Trainers) ငွားရမ္း၍ ေလ့က်င့္ေပးျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေဖာ္ျပေရးသားထားသည္။

ျမဝတီအသင္းသည္ အမ်ားပိုင္အစုရွယ္ယာမ်ားျဖင့္ တည္ေထာင္ထားေသာ အသင္းမ်ားျဖစ္သည့္အတြက္ ေငြေၾကးသုံးစြဲမႈအားလုံးအား စနစ္တက် စိစစ္သုံးစြဲရေၾကာင္း၊ အက်ိဳးစီးပြားရရွိႏိုင္ေရးအတြက္ တည္ေထာင္ထားျခင္းမ်ိဳးမဟုတ္ဘဲ ႏွစ္စဥ္အသင္း (၃) သင္းအတြက္ သိန္းေပါင္း (၁) ေသာင္းေက်ာ္ စိုက္ထုတ္သုံးစြဲ၍ ျမန္မာႏိုင္ငံေဘာလုံးေလာက ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေထာက္အကူျပဳေပးေနျခင္း ျဖစ္ေၾကာင္းလည္း စာတြင္ေရးသားထားသည္။

ထို႔ျပင္ လက္ရွိ ၂၀၂၆-၂၀၂၇ ေဘာလုံးရာသီအတြက္ အသင္း (၃) သင္း (အမ်ိဳးသားအသင္းႀကီး၊ အမ်ိဳးသား U-20၊ အမ်ိဳးသမီး) အတြက္ ေငြက်ပ္ (၁ ဒသမ ၄) ဘီလ်ံအထိ သုံးစြဲရန္ လ်ာထားခဲ့ၿပီးလည္း ျဖစ္ေၾကာင္းႏွင့္ ဧၿပီလမွ ယခု စက္တင္ဘာလအထိ အသင္း (၃) သင္းအတြက္ သိန္း (၇၀၀၀) ေက်ာ္သုံးစြဲခဲ့ၿပီးျဖစ္ေၾကာင္းလည္း ေရးသထားသည္။

ထို႔ေၾကာင့္ ျမဝတီအသင္းမူဝါဒအရ ဆုေၾကး၊ ဒဏ္ေၾကးစနစ္အား ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ တစ္ပြဲရႈံးလွ်င္ လစာတစ္ဝက္ျဖတ္ျခင္း၊ က်ပ္ (၅) ေသာင္းျဖတ္ျခင္းမ်ား သည္ လုံးဝ မဟုတ္မွန္ေၾကာင္း စာတြင္ေရးသားထားသည္။

မူရင်းသတင်း — NP News