NP News

အယ်လ်နီညိုကြောင့် ထောပတ်သီးကဲ့သို့ ရာသီဥတုဒဏ်မခံနိုင်သော သီးနှံများပျက်စီးဆုံးရှုံးမှုကို ရင်ဆိုင်လျက်ရှိရာ Supply Chain မြှင့်တင်ရေး ခရီးစဉ်ဆောင်ရွက်ခဲ့

စော(NP News)- အောက်တိုဘာ ၂၉

အယ်လ်နီညိုကြောင့် ထောပတ်သီးကဲ့သို့ ရာသီဥတုဒဏ်မခံနိုင်သော သီးနှံများပျက်စီးဆုံးရှုံးမှုကို ရင်ဆိုင်လျက်ရှိရာ Supply Chain မြှင့်တင်ရေး ခရီးစဉ်ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအသင်း၏ ဥက္ကဋ္ဌ ဦးကျော်သူ ဦးဆောင်မှုဖြင့် "မြန်မာ့ထောပတ်သီးနှင့် သစ်သီးဝလံ ပွဲတော် ၂၀၂၆" အတွင်း ဝိုင်းဝန်းဆွေးနွေးမှုများ၏ရလဒ်အရ ပြည်တွင်းစားသုံးမှုကွင်းဆက်ကိုအခြေခံ၍ ကြံကြံခံနိုင်စွမ်းရှိသော သစ်သီးဝလံ Supply Chain တည်ဆောက်ရန် ကနဦးကြိုးပမ်းမှုအဖြစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ပြင်ဦးလွင်ဒေသမှ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ကုမ္ပဏီများ၊ အသင်းအဖွဲ့ ခေါင်းဆောင်များနှင့် ဈေးကွက်မှ Market Actors များ စုံလင်စွာပါဝင်သော Supply Chain Promotion & Study Tour ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် နယ်စပ်မှတဆင့် သီးနှံတင်ပို့ရေးလမ်းကြောင်းများ ပိတ်ဆို့မှု၊ နှစ်နိုင်ငံ ပိုးမွှားကာကွယ်ရေး ပရိုတိုကော သဘောတူညီချက်များ ရရှိရန် ကြန့်ကြာမှု ၊ ပထဝီနိုင်ငံရေး အကဲဆတ်မှုများနှင့် သွင်းကုန် ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်နေသည့် စိန်ခေါ်မှုများကြားတွင် စိုက်ပျိုးထုတ်လုပ်သူများအနေ ဖြင့် ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းနှင့် ပြည်ပပို့ကုန် ဈေးကွက် အကျပ်အတည်းများကို ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် အယ်လ်နီညို (El Niño) ၏ အပူချိန်လွန်ကဲမှုဒဏ်ကြောင့် ထောပတ်သီးကဲ့သို့ ရာသီဥတုဒဏ် မခံနိုင်သော သီးနှံများ ပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိုင်ရလျက်ရာ အဆိုပါ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် "ပြည်တွင်း စားသုံးမှု ကွင်းဆက်ကို အခြေခံ၍ ပိုမိုကြံ့ကြံ့ခံနိုင်သော Supply Chain Resilience တည်ဆောက်ရေး" ရည်ရွယ်ချက်ဖြင့် Supply Chain မြှင့်တင်ရေး ခရီးစဉ် ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ City Mart Holding Co., Ltd. (CMHL) တာဝန်ရှိသူများမှ ဓမ္မစေတီ လမ်းရှိ Market Place တွင် ရင်းရင်းနှီးနှီး ကြိုဆိုတွေ့ဆုံ၍ တောင်သူများ မြန်မာGAP လက်မှတ် လျှောက်ထားရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ မြန်မာ GAP လက်မှတ်ရပြီးသော်လည်း GAP သီးနှံများအတွက် စျေးကွက်မရှိသည့်အခြေအနေများ၊ပြည်တွင်း ပရီမီယံ ဈေးကွက် လိုအပ်ချက်များကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း အသင်းမှ ဆိုထားသည်။
ယင်းစီးတီးမတ်ဘက်မှ အကျိုးတူ လယ်ယာစနစ် (Contract Farming) ဆောင်ရွက်နေမှုများ၊ ရှမ်းတောင် အအေးခန်း စင်တာမှတစ်ဆင့် သီးနှံများ လတ်ဆတ်စွာ တင်ရောင်းပေးနေနိုင်မှုကြောင့် တောင်သူများထံမှ ကုန်စည်များကို စျေးကောင်းပေး၍ ဝယ်ယူပေးနိုင်ပုံများနှင့် တိုင်းရင်းသား လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို "Pride of Myanmar" အဖြစ် စင်တင်ပေးနေမှုများကို ရှင်းပြခဲ့ပြီး ယခင်ကတည်းက MFVP နှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည့် စီမံကိန်းများကဲ့သို့ တောင်သူများအား နည်းပညာ ကူညီပေးကာ Food Safety သီးနှံများ မြှင့်တင်ရေး စီမံကိန်း ဆောင်ရွက်ရန် ကနဦး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြည်လမ်းရှိ "အခရာ" စားသောက်ဆိုင်တွင် လာရောက်စားသုံးနေသူများကို Shan Avocadoမှ ထောပတ်သီးများ နှင့် ၈ ဒီဇင်ဘာ ၆၁ မှ ခြံထွက် ထောပတ်သီးများ လက်ဆောင်ပေးခြင်း၊ ပြင်ဦးလွင် Green Avo ၏ ထောပတ်သီးအနှစ် (Puree) ဖျော်ရည်များတိုက်ကျွေးခြင်းဖြင့် တောင်သူများကိုယ်တိုင် စားသုံးသူများကို တိုက်ရိုက် မိတ်ဆက် ထောပတ်သီးမြှင့်တင်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တညင်းကုန်း လက္ကားဈေးကြီးနှင့် MAEX ၏ လက်ကားဈေးနှင့် အအေးခန်း ကွန်ရက် စီမံကိန်းများ ကို လေ့လာခြင်းနှင့် GAP သဘာဝမြေဩဇာစက်ရုံလေ့လာရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) အနေဖြင့် စိုက်ပျိုးသူ တောင်သူများမှသည် ဈေးကွက်အတွင်းရှိ Market Actors အားလုံး ပူးပေါင်း၍ ပိုမိုခိုင်မာသော Supply Chain Resilience ဖြစ်ထွန်းလာစေရေးအတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

zawgyi version

အယ္လ္နီညိဳေၾကာင့္ ေထာပတ္သီးကဲ့သို႔ ရာသီဥတုဒဏ္မခံႏိုင္ေသာ သီးႏွံမ်ားပ်က္စီးဆုံးရႈံးမႈကို ရင္ဆိုင္လ်က္ရွိရာ Supply Chain ျမႇင့္တင္ေရး ခရီးစဥ္ေဆာင္႐ြက္ခဲ့
ေစာ(NP News)- ေအာက္တိုဘာ ၂၉
အယ္လ္နီညိဳေၾကာင့္ ေထာပတ္သီးကဲ့သို႔ ရာသီဥတုဒဏ္မခံႏိုင္ေသာ သီးႏွံမ်ားပ်က္စီးဆုံးရႈံးမႈကို ရင္ဆိုင္လ်က္ရွိရာ Supply Chain ျမႇင့္တင္ေရး ခရီးစဥ္ေဆာင္႐ြက္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါအသင္း၏ ဥကၠ႒ ဦးေက်ာ္သူ ဦးေဆာင္မႈျဖင့္ "ျမန္မာ့ေထာပတ္သီးႏွင့္ သစ္သီးဝလံ ပြဲေတာ္ ၂၀၂၆" အတြင္း ဝိုင္းဝန္းေဆြးေႏြးမႈမ်ား၏ရလဒ္အရ ျပည္တြင္းစားသုံးမႈကြင္းဆက္ကိုအေျခခံ၍ ႀကံႀကံခံႏိုင္စြမ္းရွိေသာ သစ္သီးဝလံ Supply Chain တည္ေဆာက္ရန္ ကနဦးႀကိဳးပမ္းမႈအျဖစ္ ေအာက္တိုဘာလ (၂၇) ရက္ေန႔တြင္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ႏွင့္ ျပင္ဦးလြင္ေဒသမွ စိုက္ပ်ိဳးထုတ္လုပ္သူ ေတာင္သူမ်ား၊ကုမၸဏီမ်ား၊ အသင္းအဖြဲ႕ ေခါင္းေဆာင္မ်ားႏွင့္ ေဈးကြက္မွ Market Actors မ်ား စုံလင္စြာပါဝင္ေသာ Supply Chain Promotion & Study Tour ကို ေအာင္ျမင္စြာ ေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

လက္ရွိတြင္ နယ္စပ္မွတဆင့္ သီးႏွံတင္ပို႔ေရးလမ္းေၾကာင္းမ်ား ပိတ္ဆို႔မႈ၊ ႏွစ္ႏိုင္ငံ ပိုးမႊားကာကြယ္ေရး ပ႐ိုတိုေကာ သေဘာတူညီခ်က္မ်ား ရရွိရန္ ၾကန္႔ၾကာမႈ ၊ ပထဝီႏိုင္ငံေရး အကဲဆတ္မႈမ်ားႏွင့္ သြင္းကုန္ ဓာတ္ေျမဩဇာ ေဈးႏႈန္းမ်ား ျမင့္တက္ေနသည့္ စိန္ေခၚမႈမ်ားၾကားတြင္ စိုက္ပ်ိဳးထုတ္လုပ္သူမ်ားအေန ျဖင့္ ထုတ္လုပ္မႈစရိတ္ ျမင့္မားျခင္းႏွင့္ ျပည္ပပို႔ကုန္ ေဈးကြက္ အက်ပ္အတည္းမ်ားကို ရင္ဆိုင္ေနရေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္ အယ္လ္နီညိဳ (El Niño) ၏ အပူခ်ိန္လြန္ကဲမႈဒဏ္ေၾကာင့္ ေထာပတ္သီးကဲ့သို႔ ရာသီဥတုဒဏ္ မခံႏိုင္ေသာ သီးႏွံမ်ား ပ်က္စီးဆုံးရႈံးမႈႏွင့္ ရင္ဆိုင္ရလ်က္ရာ အဆိုပါ စိန္ေခၚမႈမ်ားကို ေက်ာ္လႊားႏိုင္ရန္အတြက္ "ျပည္တြင္း စားသုံးမႈ ကြင္းဆက္ကို အေျခခံ၍ ပိုမိုႀကံ့ႀကံ့ခံႏိုင္ေသာ Supply Chain Resilience တည္ေဆာက္ေရး" ရည္႐ြယ္ခ်က္ျဖင့္ Supply Chain ျမႇင့္တင္ေရး ခရီးစဥ္ ေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

ထိုသို႔ေဆာင္႐ြက္ခဲ့ရာ City Mart Holding Co., Ltd. (CMHL) တာဝန္ရွိသူမ်ားမွ ဓမၼေစတီ လမ္းရွိ Market Place တြင္ ရင္းရင္းႏွီးႏွီး ႀကိဳဆိုေတြ႕ဆုံ၍ ေတာင္သူမ်ား ျမန္မာGAP လက္မွတ္ ေလွ်ာက္ထားရာတြင္ ႀကဳံေတြ႕ရသည့္ အခက္အခဲမ်ား၊ ျမန္မာ GAP လက္မွတ္ရၿပီးေသာ္လည္း GAP သီးႏွံမ်ားအတြက္ ေစ်းကြက္မရွိသည့္အေျခအေနမ်ား၊ျပည္တြင္း ပရီမီယံ ေဈးကြက္ လိုအပ္ခ်က္မ်ားကို ပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကေၾကာင္း အသင္းမွ ဆိုထားသည္။
ယင္းစီးတီးမတ္ဘက္မွ အက်ိဳးတူ လယ္ယာစနစ္ (Contract Farming) ေဆာင္႐ြက္ေနမႈမ်ား၊ ရွမ္းေတာင္ အေအးခန္း စင္တာမွတစ္ဆင့္ သီးႏွံမ်ား လတ္ဆတ္စြာ တင္ေရာင္းေပးေနႏိုင္မႈေၾကာင့္ ေတာင္သူမ်ားထံမွ ကုန္စည္မ်ားကို ေစ်းေကာင္းေပး၍ ဝယ္ယူေပးႏိုင္ပုံမ်ားႏွင့္ တိုင္းရင္းသား လုပ္ငန္းရွင္မ်ား၏ ထုတ္ကုန္မ်ားကို "Pride of Myanmar" အျဖစ္ စင္တင္ေပးေနမႈမ်ားကို ရွင္းျပခဲ့ၿပီး ယခင္ကတည္းက MFVP ႏွင့္ ပူးေပါင္း၍ ေဆာင္႐ြက္ခဲ့သည့္ စီမံကိန္းမ်ားကဲ့သို႔ ေတာင္သူမ်ားအား နည္းပညာ ကူညီေပးကာ Food Safety သီးႏွံမ်ား ျမႇင့္တင္ေရး စီမံကိန္း ေဆာင္႐ြက္ရန္ ကနဦး ညႇိႏႈိင္းခဲ့ၾကေၾကာင္း သိရသည္။
ထို႔ျပင္ ျပည္လမ္းရွိ "အခရာ" စားေသာက္ဆိုင္တြင္ လာေရာက္စားသုံးေနသူမ်ားကို Shan Avocadoမွ ေထာပတ္သီးမ်ား ႏွင့္ ၈ ဒီဇင္ဘာ ၆၁ မွ ၿခံထြက္ ေထာပတ္သီးမ်ား လက္ေဆာင္ေပးျခင္း၊ ျပင္ဦးလြင္ Green Avo ၏ ေထာပတ္သီးအႏွစ္ (Puree) ေဖ်ာ္ရည္မ်ားတိုက္ေကြၽးျခင္းျဖင့္ ေတာင္သူမ်ားကိုယ္တိုင္ စားသုံးသူမ်ားကို တိုက္႐ိုက္ မိတ္ဆက္ ေထာပတ္သီးျမႇင့္တင္ျခင္း ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တညင္းကုန္း လကၠားေဈးႀကီးႏွင့္ MAEX ၏ လက္ကားေဈးႏွင့္ အေအးခန္း ကြန္ရက္ စီမံကိန္းမ်ား ကို ေလ့လာျခင္းႏွင့္ GAP သဘာဝေျမဩဇာစက္႐ုံေလ့လာေရးတို႔ကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း (MFVP) အေနျဖင့္ စိုက္ပ်ိဳးသူ ေတာင္သူမ်ားမွသည္ ေဈးကြက္အတြင္းရွိ Market Actors အားလုံး ပူးေပါင္း၍ ပိုမိုခိုင္မာေသာ Supply Chain Resilience ျဖစ္ထြန္းလာေစေရးအတြက္ ဆက္လက္ ႀကိဳးပမ္း ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

မူရင်းသတင်း — NP News