NP News

အမျိုးသမီး အာရှချန်ပီယံလိဂ် အုပ်စုပွဲစဉ်များအတွက် အွန်လိုင်းမှ လက်မှတ်ဝယ်ယူနိုင်

ထိုက်စံ(NP News)-အောက်တိုဘာ ၂၉

အမျိုးသမီး အာရှချန်ပီယံလိဂ် အုပ်စုပွဲစဉ်များအတွက် အွန်လိုင်းမှ လက်မှတ်ဝယ်ယူနိုင်ပြီဖြစ်ကာ အထူးတန်းလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ ယမန်နေ့(အောက်တိုဘာ ၂၈ ရက်)က ထုတ်ပြန်ထားချက်အရ သိရသည်။
မြန်မာနိုင်ငံကိုယ်စားပြု ဧရာဝတီ အမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်မည့် 2026/27 AFC Women’s Champions League Group (A) အုပ်စုအဆင့်ပွဲစဉ်များအတွက် လက်မှတ်များ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝယ်ယူရာတွင် မည်သည့်ငွေပေးချေမှုဖြင့်မဆို ပေးချေနိုင်သည့် MMQR စနစ်ဖြင့် အထူးတန်းလက်မှတ် ကျပ်(၅၀၀၀)နှုန်းဖြင့်လည်းကောင်း၊ ရိုးရိုးတန်းကျပ်(၃၀၀၀)နှုန်းဖြင့်လည်းကောင်း ရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ဧရာဝတီအမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်မည့် ပွဲစဉ်များဖြစ်သော Naegohyang Women’s FC ကို နိုင်ဝင်ဘာ(၁)ရက် ၊INAC Kobe Leonessa ကို နိုဝင်ဘာ(၄)ရက် တွင်လည်းကောင်း၊ Bam Khatoon FC ကို နိုင်ဝင်ဘာ(၇)ရက်တွင်လည်းကောင်း ည(၇)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News