NP News

အမြန်လမ်း ရှိ ဒုဋ္ဌဝတီတံတားသစ်စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူနေ

ပုလဲ (NP News) - အောက်တိုဘာ ၂၉

အမြန်လမ်း ရှိ ဒုဋ္ဌဝတီတံတားသစ်စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၁)မန္တလေးမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း (ဆောက်လုပ် ရေး)အသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင်လမ်း တံတားအမှတ်(၃/၅)အသစ် တည်ဆောက်ခြင်း လုပ်ငန်းအတွက် ကျပ်သန်း (၂၀၀) အထက်တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းဝယ်ယူ မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဒုတိယအကြိမ် ခွဲဝေရရှိသည့်ရန်ပုံငွေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၅၈/၁-၃) အတွင်းရှိ ဒုဋ္ဌဝတီတံတားသစ်စီမံကိန်း (ရန်ကုန်ဘက်ကမ်း)နှင့် (မန္တလေးဘက် ကမ်း) တည်ဆောက်ခြင်း လုပ်ငန်းအတွက် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်း များဝယ်ယူခြင်းနှင့် စက်/ယန္တရားများ ငှားရမ်းဆောင်ရွက်ခြင်းတို့ကို (မြန်မာ ကျပ်ငွေ)ဖြင့် လုပ်ငန်းခွင်အရောက်ဝယ်ယူလိုကြောင်း သိရသည်။

ထို့ကြောင့် အိတ်ဖွင့်တင်ဒါများ ပေးသွင်း နိုင်ပါရန် ဖိတ်ခေါ်ထားပြီး တင်ဒါလျှောက်လွှာများကို ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၁)၊ မန္တလေးမြို့ နှင့် ဒု- ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၄)၊ မန္တလေးမြို့တို့တွင် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာပုံများကို အောက်တိုဘာ (၂၉) ရက်မှ စတင်ဝယ်ယူနိုင်ပြီး လာမည့် နိုဝင်ဘာ (၁၁) ရက်တွင် အရောင်းပိတ်မည်ဖြစ်ကြောင်း အသိပေးထားသည်။

တင်ဒါလျှောက်လွှာပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက် များကို သိရှိလိုပါက တည်ဆောက်ရေးအဖွဲ့ (၁)မန္တလေးမြို့ (ဖုန်း) ဝ၉-၄၂၆ဝ၄၂ ၆၉၉၊ ၀၉-၄၀၂၇၆၆၁၇၅ နှင့် တံတားအထူးအဖွဲ့ (၄)မန္တလေး(ဖုန်း) ဝ၉-၄၄၈၅၄၈၅၈၅၊ ဝ၉-၇၈၁၃ဝဝ၄၀၉ သို့ မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။

မူရင်းသတင်း — NP News