NP News

မြောက်ကိုရီးယားက အဓိကျသည့် လက်နက်စနစ်ကို စမ်းသပ်

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁

မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံပိုင်သတင်းဌာန KCNA က ၎င်းတို့၏ ကာကွယ်ရေးသိပ္ပံ သုတေသနဌာနများသည် အဓိကကျသော လက်နက်စနစ်တစ်ခုကို အောက်တိုဘာလ (၃၁) ရက် စနေနေ့က စမ်းသပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
အဆိုပါစမ်းသပ်မှုသည် တပ်ဆင်မည့်ဒုံးကျည်များအတွက် အစုလိုက်အပြုံလိုက်ကြဲချနိုင်သော ဗုံးသီး (Cluster-bomb warhead) ၏ တိုက်ခိုက်နိုင်စွမ်းနှင့် စွမ်းအားကို တိုင်းတာရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း KCNA က ဆိုထားသည်။စံနှုန်းမီ Type 2 အမျိုးအစားအစုလိုက်အပြုံလိုက်ကြဲချနိုင်သော ဗုံးသီးတစ်လုံးသည် အထူထပ်ဆုံး အနေအထားတွင် ဟက်တာ ၁၂ ဟက်တာမှ ၁၃ ဟက်တာ ရှိသော ပစ်မှတ်ဧရိယာကို ဖျက်ဆီးနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား ဒုံးကျည်စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါဗုံးသီးအမျိုးအစားများသည် အမျိုးအစား (၄) မျိုးရှိကြောင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ စစ်ဆင်ရေးဆိုင်ရာ ရည်ရွယ်ချက်များအပေါ် မူတည်၍ ၂၀၂၆ခုနှစ် နှစ်ကုန်ပိုင်းတွင် အဆိုပါဗုံးအမျိုးအစားအားလုံးကို စစ်ဘက်ဆိုင်ရာ ယူနစ်များတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KCNA က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် မကြာသေးမီနှစ်များအတွင်း ဒုံးကျည်စမ်းသပ်မှုများစွာပြုလုပ်ခြင်းနှင့် ဒုံးပျံ/ဒရုန်းပြပွဲများကျင်းပခြင်းတို့ဖြင့် ၎င်းတို့၏ စစ်အာဏာပြမှုကို မြှင့်တင်လာခဲ့သည်။
မြောက်ကိုရီးယားသည် မဟာမိတ်ဖြစ်သည့် ရုရှားအတွက် ယူကရိန်းစစ်ပွဲသို့ စစ်သားများစေလွှတ်ခဲ့ရာမှ ခေတ်မီစစ်ဆင်ရေးဆိုင်ရာအတွေ့အကြုံများကို ရရှိခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News