
Pika (NP News) - နိုဝင်ဘာလ ၂
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ GYM ထရိန်နာအမျိုးသမီးတစ်ဦးသည် ၎င်း၏ပေါင် ပေါ်တွင် စုစုပေါင်း အလေးချိန် (၆၃၉)ပေါင်ရှိသော ဝိတ်တုံးများတင်ကာ အောက်ပိုင်းလေ့ကျင့်ခန်းကိုလုပ် ပြခဲ့ပြီးနောက် ဂင်းနစ်စံချိန် သစ်တစ်ခုကိုရရှိခဲ့ကြောင်း သိရသည်။ မိုင်ယာမီမြို့တွင်နေထိုင်သည့် လီလီယန် ဇာမိုရာအလွန်ဆိုသည် Miami Iron Gym တွင် (hip thrust) တင်ပါးကိုသာအသုံးပြုပြီး အလေးချိန် အများဆုံးမတင်ခြင်း(အမျိုးသမီး) စံချိန်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
အသက်(၁၆)နှစ်အရွယ်တည်းက အလေးမလေ့ကျင့်ခန်းများကိုလုပ်ဆောင်လာခဲ့သည့် လီလီယန်ဇာမိုရာ အလွန်ဆိုသည် တင်ပါးကိုသာအသုံးပြုပြီး အလေးချိန်အများဆုံးမတင်ခြင်းနှင့်ပတ်သက်သည့် ယခင်စံချိန်မှာ အလေးချိန် (၆၀၅) ပေါင်ဖြစ်ကြောင်း သိရှိခဲ့ပြီးနောက် အဆိုပါစံချိန်ကိုချိုးဖျက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအချိန်တွင် လီလီယန်ဇာမိုရာအလွန်ဆို၏စံချိန်မှာ (၅၈၀)ပေါင်ဖြစ်ပြီး စံချိန်တင်ထားသည့်အလေးချိန်နှင့် နှိုင်း ယှဉ်မည်ဆိုပါက ကွာခြားချက်မှာ (၂၅)ပေါင်သာရှိခဲ့သည်။
ထို့နောက် လီလီယန်ဇာမိုရာအလွန်ဆိုသည် တင်ပါးကိုသာအသုံးပြုပြီး အလေးချိန်အများဆုံးမတင်ခြင်း အတွက် အလေးချိန်ကို(၆၇၀)ပေါင် အထိတိုးမြှင့်နိုင်ခဲ့သော်လည်း ဂင်းနစ်စံချိန်သစ်တင် ရန်ကြိုးပမ်းမှုတွင် အလေးချိန်ကို အနည်းငယ်လျှော့ ရန်ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ လီလီယန်ဇာမိုရာအ လွန်ဆိုက ‘ဒီစံချိန်တင်ဖို့ကြိုးပမ်းမှုမှာ အရာအားလုံးကိုမှတ်တမ်းတင်ရမှာဖြစ်ပြီး ပြန်လည်စစ်ဆေးနိုင်ဖို့အတွက် အချက်အလက်အကုန်ပေးရမှာမို့လို့ နည်းနည်းတော့ စိုးရိမ်မိခဲ့ပါတယ်။ အလေးချိန်ပိုများလေလေ မှတ်တမ်းတင်ရတဲ့အချိန်ပိုကြာလေလေမို့လို့ အမှားအယွင်း တချို့ဖြစ်လာနိုင်ခြေကလည်း ပိုများလာပါတယ်။ အဲဒီလိုမျိုး အမှားတွေ မရှိစေချင်တာကြောင့် (၆၃၉)ပေါင်နဲ့ပဲ အလေးမဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ပြောခဲ့သည်။
