
Pika (NP News) - နိုဝင်ဘာ ၂
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အပန်းဖြေစံအိမ် Mar-a-Lago နဲ့ မိုင်အနည်းငယ်အကွာမှာရှိတဲ့ ဖလော်ရီဒါပြည်နယ် တောင်ပိုင်းက လူနေရပ်ကွက်တစ်ခုထဲကို Learjet 60 ဂျက်လေယာဉ်တစ်စင်းပျက်ကျခဲ့တာကြောင့် လူ(၉)ဦး သေဆုံးခဲ့ တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေပြီး အတည်ပြုရတာမျိုးမရှိသေးတဲ့ဗီဒီယိုဖိုင်အချို့မှာ လေယာဉ်တစ်စင်းက ဒေါင်လိုက် ပုံစံနဲ့မြေပြင်ပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ထိုးကျသွားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
လေယာဉ်ပျက်ကျမှုနဲ့အတူ ကြီးမားတဲ့မီးတောက်ကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီး လူသွားလမ်းမဘေးအနီးမှာ မီးလောင်ကျွမ်းမှု ကြီးတစ်ခုဖြစ်ပွားနေတာကိုလည်း ဗီဒီယိုဖိုင်ထဲမှာ တွေ့မြင်ခဲ့ရပါတယ်။
သယ်ယူပို့ဆောင်ရေးဝန်ကြီးရှောင်ဒက်ဖီက”ဖလော်ရီဒါပြည်နယ် Palm Beach ကောင်တီမှာ ဒီနေ့ဖြစ်ပွားခဲ့တဲ့လေယာဉ် ပျက်ကျမှုက တကယ်ကိုဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် လေယာဉ်ပျက်ကျမှုအတွင်း လိုက်ပါလာသူ(၉)ဦးစလုံးသေဆုံးသွားခဲ့တယ်လို့လည်း ရှောင်ဒက်ဖီကပြောကြားခဲ့ ပါတယ်။
Learjet 60 ဂျက်လေယာဉ်ဟာ တက္ကဆက်ပြည်နယ် အော်စတင်မြို့ကနေထွက်ခွာလာခဲ့တာဖြစ်ပြီး ဘဟားမားစ်နိုင်ငံကို ဦးတည်ပျံသန်းလာတာဖြစ်တယ်လို့လည်း သိရပါတယ်။