
Pika (NP News) - နိုဝင်ဘာလ ၁
ပြီးခဲ့သည့်နှစ်အတွင်း ဂျာမနီနိုင်ငံတွင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုစုစုပေါင်း(၁၁၃၃၄)ခုရှိခဲ့ပြီး နှစ်ပေါင်း (၃၀) နီးပါးအတွင်း အမြင့်ဆုံးနှစ်စဉ် အဆုံးစီရင်မှုအရေအတွက်ဖြစ်ကြောင်း ဖက်ဒရယ် စာရင်းအင်းရုံး၏ အချက်အလက်များအရ သိရသည်။
ကျန်းမာရေးကောင်းမွန်သောလူငယ်များပင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ရန် အကူအညီရယူနိုင်သည့် စည်း မျဉ်းစည်းကမ်းဖြေလျှော့ပေးထားသော ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန်ကူညီပေးသည့်စနစ်က ယခုကဲ့သို့ အရေအတွက်မြင့်တက်လာမှုနှင့် ဆက်စပ်နေ နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြော ဆိုထားကြသည်။
ယခုလအစောပိုင်းကထုတ်ပြန်ခဲ့ပြီး ဂျာမနီနိုင်ငံ၏အမျိုးသား ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ကာ ကွယ်ရေးအစီ အစဉ် (NaSPro) က အသေးစိတ်ခွဲ ခြမ်းစိတ်ဖြာခဲ့သည့် အချက်အလက်များအရ (၂၀၂၅)ခုနှစ်တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုအရေအတွက်မှာ (၉၆၂)ခု သို့မဟုတ် (၉ဒသမ၃)ရာခိုင် နှုန်းမြင့်တက်လာခဲ့ပြီး နှစ်စဉ်ကိုယ့်ကိုယ်ကိုယ်အဆုံး စီရင်မှုနှုန်းမှာ (၁၉၉၈)ခုနှစ်နောက်ပိုင်း အမြင့်ဆုံး အဆင့်သို့ရောက်ရှိလာခဲ့ကြောင်းသိရသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ်က ဂျာမနီနိုင်ငံအတွင်း ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုအရေအတွက်သည် ယာဉ်မတော် တဆမှုများ၊ လူသတ်မှုများ၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သောသေဆုံးမှုများနှင့် အေအိုင်ဒီ အက်စ်ရောဂါကြောင့် သေဆုံးသူစုစုပေါင်း(၇၇၆၇)ဦးထက် ပိုမိုများပြားနေကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။
ကိုယ့်ကိုကိုယ်အဆုံးစီရင်သူများအနက် (၆၉ဒသမ၂)ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြောင်း အစီရင်ခံ စာအရ သိရသည်။ (၂၀၂၁)ခုနှစ်မှစတင်ပြီး နှစ်စဉ်ကိုယ့်ကိုကိုယ်အဆုံးစီရင်မှုအရေအတွက် သည် (၂၃)ရာခိုင်နှုန်းမြင့် တက်လာ ခဲ့သော်လည်း (၁၉၈၁)ခုနှစ်ကမှတ်တမ်းတင်ခဲ့သည့် အမြင့်ဆုံးသမိုင်းဝင်အရေအတွက်ဖြစ်သော (၁၈၈၂၅)ခုထက် နည်းပါးနေသေးကြောင်း NaSPro ကပြောကြားခဲ့သည်။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုအများစုမှာ အမျိုးသားများဖြစ် သော်လည်း တိုးလာသည့်အရေ အတွက်တွင် အမျိုးသမီးများ၏ အချိုးအစားမှာ ပိုမို များပြားနေကာ အမျိုးသမီးများကြား ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုက (၁၇ဒသမ၉)ရာခိုင်နှုန်းတိုးလာခဲ့ပြီး အမျိုးသားများကြားတွင် (၅ဒသမ၈)ရာခိုင်နှုန်းတိုး လာခဲ့ကြောင်းသိရသည်။
ထို့ပြင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုအများစု (၇၃ဒသမ၇)ရာခိုင်နှုန်းမှာ အသက်(၅၀)ကျော် အရွယ်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုများတွင် ကြိုးဆွဲချသေဆုံးမှု (၄၁၄၅)ခုမှာ အဆုံးစီရင်မှုအများဆုံးနည်းလမ်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး ဒုတိယအများဆုံးမှာ မူးယစ်ဆေး ဝါးသုံးစွဲမှု(၂၈၄၈)ခုဖြစ်ကြောင်းသိရသည်။