
HtayOung (NP News)-နိုဝင်ဘာ ၁
ဥရောပတိုက် ပိုလန်နိုင်ငံမှာ အာဏာသိမ်းတယ်လို့ ပြောဆိုနေကြခြင်းမှာ မမှန်ကန်ပါ၊ ဘာသာပြန်လွဲခြင်း ဖြစ်ပုံရပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှာ အစိုးရတစ်ရပ်ကို လက်နက်ဖြင့် ဖြုတ်ချတာမျိုး ဖြစ်နိုင်ခြေအလွန်နည်းတယ်။
ဥရောပသမဂ္ဂ (EU) လိုလားတဲ့ ဝန်ကြီးချုပ် ဒေါ်နယ်တုစ်ခ် (Donald Tusk) ရဲ့ အစိုးရအဖွဲ့သစ်နဲ့ အမျိုးသားရေးဝါဒီ အတိုက်အခံပါတီ (PiS) ကျောထောက်နောက်ခံပြု သမ္မတ ကာရိုလ် နာဗရော့စကီး (Karol Nawrocki) တို့အကြား ပြဿနာတက်နေခြင်းသာဖြစ်တယ်။
နိုင်ငံရဲ့ အမြင့်ဆုံး အခြေခံဥပဒေခုံရုံး (Constitutional Tribunal) ရဲ့ အာဏာစိုးမိုးခွင့်အတွက် ဖြစ်တယ်။ ဒေါ်နယ်လ်တုခ်အစိုးရက ယခင်အစိုးရလက်ထက်က ခန့်ခဲ့တဲ့ တရားသူကြီးချုပ်များကို တရားမဝင်ဟုဆိုကာ တာဝန်မှ ဆိုင်းငံ့လိုက်တယ်။
အတိုက်အခံနဲ့ သမ္မတဘက်က အဲ့ဒီလုပ်ရပ်ကို ဥပဒေမဲ့ အာဏာလုယူမှု သို့မဟုတ် "တရားစီရင်ရေးဆိုင်ရာ အာဏာသိမ်းမှု" ဟု စွပ်စွဲနေခြင်းကို မီဒီယာများက ရေးသားနေကြခြင်းဖြစ်တယ်။
နိုင်ငံရေးနဲ့ တရားရုံးပိုင်းမှာ အကျပ်အတည်းဖြစ်နေပေမယ့် စစ်တပ်က အာဏာသိမ်းထားခြင်းမျိုး မဟုတ်ပါ။ မြေပြင်မှာ အစိုးရဆန့်ကျင်ရေး အတိုက်အခံထောက်ခံသူများ တရားရုံးအပြင်ဘက်၌ စုဝေးဆန္ဒပြမှုများရှိပြီး ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့တယ်။
အာဏာပိုင်များက ဝါဆောမြို့တော်နဲ့ တရားရုံးချုပ်ဝန်းကျင်မှာ အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့များ ချထားပြီး အခြေအနေကို ထိန်းသိမ်းထားတဲ့အတွက် အလုံးစုံ ပြည်တွင်းစစ် သို့မဟုတ် သောင်းကျန်းမှုပုံစံမျိုး မဟုတ်ဘဲ လုံခြုံရေးတင်းကျပ်ထားတဲ့အခြေအနေသာ ဖြစ်တယ်။
ပိုလန်အခြေခံဥပဒေအရ အုပ်ချုပ်ရေးအခွင့်အာဏာကို ဝန်ကြီးချုပ်က ကျင့်သုံးပိုင်ခွင့် ရှိပေမယ့် အစိုးရလုပ်ရပ်ကို သမ္မတက တစ်ချက်လွှတ် ယတိပြတ် ပယ်ချနိုင်တယ်။
ဒါကြောင့် ခုလိုထိပ်တိုက်ပြဿနာဖြစ်ရတာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်း ပေါ်ပေါက်နေတယ်လို့ ဆိုနိုင်ပါတယ်။