NP News

အမေရိကန်အစိုးရက ရေနံစည်ပေါင်း သန်း(၄၀)ခန့် ချေးယူခဲ့ရဟုဆို

ဂျန်ဇက် (NP News) - နိုဝင်ဘာလ ၁

အမေရိကန်အစိုးရသည် လောင်စာဆီ ဈေးနှုန်းများကို ထိန်းချုပ်ရန်ရည်ရွယ်သည့် ရေနံစိမ်း စည်ပေါင်း သန်း (၄၀) ခန့်ကို ချေးယူရန် ရေနံကုမ္ပဏီများနှင့် သဘောတူညီခဲ့ကြကြောင်း အမေရိကန်အစိုးရကပြောကြားခဲ့သည်။ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနက အောက်တိုဘာလ(၂၈) ရက်တွင် စည်ပေါင်း (၁၆.၈) သန်းနီးပါးအတွက် ကုမ္မဏီများ နှင့် စာချုပ်များချုပ်ဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
Gunvor ၊ Trafigura Trading ၊ Phillips 66 နှင့် Vitol Inc တို့သည် အဆိုပါ ရေနံစည်များကို ချေးယူခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်သည် အောက်တိုဘာ (၁၆) ရက်တွင် SPR မှ ရေနံစည် (၁၇) သန်း ချေးယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်စွမ်းအင် ဝန်ကြီးဌာနသည် အောက်တိုဘာလ(၁၃) ရက်တွင် Exx- on Mobil ၊ Atlantic Trading & Marketing နှင့် Macquarie Commodities Trading အပါ အဝင် ကုမ္ပဏီများကို စည်ပေါင်း (၂၃ ဒသမ ၈) သန်း ထုတ်ပေးခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ အရန်အင်အားမှ ရေနံ စည်သန်း (၄၀ဝ) ထုတ်လွှတ်ရန် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) တွင် ပါဝင်သော နိုင်ငံ ပေါင်း (၃၀) ခန့်နှင့် ကျယ်ပြန့်သော သဘောတူညီ ချက်၏အစိတ်အပိုင်းအဖြစ် SPR မှ ရေနံစည်(၁၇၂) သန်း ချေးငှားရန် အမေရိကန်အစိုးရနှင့် မတ်လတွင် သဘောတူခဲ့ကြောင်းသိရသည်။ (၂၀၂၂) ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် အစိုးရဟောင်း သမ္မတ ဂျိုးဘိုင်ဒင်က Strategic Petroleum Reserve SPR ကို ရေနံအမြောက်အမြားကို ရောင်းချခဲ့သော်လည်း လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့ လက်ထက်တွင် SPR ထံမှ ရေနံများကို ထပ်မံထုတ်ယူအသုံးပြုခဲ့ခြင်းဖြစ်သည်။ လက်ရှိ SPR ၏သိုလှောင်မှုပမာဏသည် (၁၉၈၂)ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News