NP News

တရုတ်တွင် မွမ်းမံထားသည့်ဆိုင်ကယ်ဖြင့် ရေပြင်ပေါ် (၂၅)မိုင်ကျော်ဖြတ်မောင်းပြပြီး ဂင်းနစ်စံချိန်သစ်တင်

Pika (NP News) - နိုဝင်ဘာလ ၁

တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ၎င်း၏မွမ်းမံပြင်ဆင်ထားသောဆိုင်ကယ်တစ်စီးကို အသုံးပြုကာ ရေပြင်ပေါ်တွင် (၂၅)မိုင်ကျော်အောင် မောင်းနှင်ပြခဲ့ပြီးနောက် ဂင်းနစ်စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ကြောင်းသိရသည်။ ဆိုင်ကယ်ထုတ်လုပ်ရေး ကုမ္ပဏီ ZXMOTO ၏ တည်ထောင်သူ Zhang Xue ပြည်နယ်၊ Mayang မြို့ရှိ Chen မြစ်ရေပြင် ပေါ်တွင် မွမ်းမံပြင်ဆင်ထားသော MX 450 ဆိုင်ကယ်တစ်စီးကို (၂၅ ဒသမ ၃) မိုင်အထိ ရောက်အောင် မောင်းနှင်ပြခဲ့ ပြီးနောက် ယင်းကဲ့သို့ ဂင်းနစ်စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါစွမ်းဆောင်ရည်များနှင့်အတူ Zhang Xue သည် မွမ်းမံပြင်ဆင်ထားသော ဆိုင်ကယ်တစ်စီးဖြင့် ရေပြင် ကျယ်ပေါ်တွင် အကွာအဝေး အဝေးဆုံး မောင်းနှင်ပြနိုင်မှုအတွက် ဂင်းနစ်စံချိန်ကို ရရှိခဲ့ကြောင်းသိရသည်။ အဆိုပါ မွမ်းမံပြုပြင်ထား သောဆိုင်ကယ်ပေါ်တွင် ကုန်းလမ်းနှင့်ရေလမ်းနှစ်မျိုး စလုံးတွင်မောင်းနှင်စေနိုင်ရန်အတွက် ရေပေါ် တွင်သွားနိုင်သည့်စကီပြားကဲ့သို့သော အစိတ်အပိုင်းတစ်ခုကို တပ်ဆင်ထားကြောင်းလည်း သိရသည်။

ထို့ပြင် ရေပြင်ပေါ်တွင် မောင်းနှင်နိုင်ရန်အတွက် ဆိုင်ကယ်၏နောက်ဘီးကို လည်ပတ်စေခြင်းဖြင့် ရေကို နောက်သို့တွန်းကန်စေကာ ဆိုင်ကယ်ကို ရှေ့ကိုရောက်စေသည့်တွန်းအားမျိုးကို ဖန်တီးထား ခြင်းဖြစ်ကြောင်း Zhang Xue ကပြောကြားခဲ့သည်။ Zhang Xue က ‘ကျွန်တော်ရဲ့ မွမ်းမံပြုပြင်ထားတဲ့ ဆိုင်ကယ်နဲ့ ရေပြင်ပေါ်ကို (၂၅)မိုင် ကျော်အထိမောင်း ပြနိုင်ခဲ့တဲ့အတွက် တကယ်ကိုဝမ်းသာမိပါတယ်။ ပြီးတော့ ဒီလိုမျိုးကြိုးစားမှုက ဂင်းနစ်စံချိန် သစ်တစ်ခုကို တင်နိုင်ခဲ့လို့လည်း တကယ်ကိုပျော်ရွှင်မိပါတယ်’ဟု ပြောဆိုခဲ့သည်။

မူရင်းသတင်း — NP News