Pika (NP News) - နိုဝင်ဘာလ ၁
“Risky Business’’မှသည် “Top Gun”အထိ ရုပ်ရှင်ကားများဖြင့်လူသိများသည့် နာမည်ကျော်ရုပ်ရှင်သရုပ် ဆောင်တွမ်ခရုစ်သည် လာမည့်နှစ် ဧပြီလတွင် ဟောလိဝုဒ်၌ကျင်းပမည့်အခမ်းအနားတစ်ခုအတွင်း American Film Institute (AFI) ၏ တစ်သက်တာအောင်မြင်မှုဆု (Life Achievement Award)ကို လက်ခံရယူသွားမည်ဖြစ်ကြောင်း စီစဉ်သူများကပြောကြားခဲ့သည်။
ရုပ်ရှင်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မြှင့်တင်ပေးရန်ရည်ရွယ်ထားသည့် အကျိုးအမြတ် မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် AFI သည် ယင်းဂုဏ်ထူးဆောင်ဆုကို (၁၉၇၃)ခုနှစ်မှစတင်ကာ နှစ်စဉ်ချီးမြှင့် လာခဲ့ခြင်းလည်းဖြစ်သည်။ ယခင်က တစ်သက်တာအောင်မြင်မှုဆုကိုရရှိခဲ့သူများထဲတွင် Bette Davis၊ Gene Kelley၊ Elizabeth Taylor နှင့် Tom Hanks တို့ ပါဝင်ကြောင်းလည်း သိရသည်။
ထို့ပြင် တွမ်ခရုစ်သည် ရုပ်ရှင်လောက တစ်ခုလုံးတွင် နာမည်ကျော်သရုပ်ဆောင်များထဲမှ တစ်ဦးလည်း ဖြစ်သည်။ AFI ၏ဘုတ်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ရုပ်ရှင်ထုတ်လုပ်သူ Kathleen Kennedy က ‘တွမ်ခရုစ်က သရုပ်ဆောင်တစ်ဦး၊ ထုတ်လုပ်သူ တစ်ဦးအနေနဲ့ သူလုပ်ဆောင်သမျှအရာအားလုံးအ ပေါ်မှာ မယုံနိုင်လောက်စရာကောင်းတဲ့ စိတ်အား ထက်သန်မှုတွေကို ပုံအပ်လုပ်ကိုင်တတ်သူပဲဖြစ်ပါတယ်။ တွမ်ခရုစ်ကို အထူးလေးစားမိတာကတော့ ရုပ် ရှင်တွေ အပေါ်မှာထားတဲ့ သူ့ရဲ့ခိုင်မာတဲ့ယုံကြည်ချက်တွေနဲ့ လူတွေကို တစုတစည်းတည်းဖြစ်စေတဲ့ ရုပ်ရှင် တွေရဲ့စွမ်းပကား အပေါ် သူ့ရဲ့ယုံကြည်မှုပါပဲ’ဟုပြော ဆိုခဲ့သည်။
တွမ်ခရုစ်သည် သရုပ်ဆောင်ပိုင်းအတွက် အကယ်ဒမီဆုများ ဆန်ခါတင်စာရင်းတွင် (၃)ကြိမ်ပါ ဝင်ခဲ့ဖူးကာ ပြီးခဲ့သည့်နှစ်ကလည်း ၎င်း၏တစ်သက် တာလုပ်ဆောင်ချက်များအတွက် ဂုဏ်ထူးဆောင် အော်စကာဆုကိုရရှိခဲ့ ကြောင်းသိရသည်။ တွမ်ခရုစ် ပါဝင်သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်ဇာတ်ကားများထဲတွင် “Jerry Maguire”၊ “Minority Report”၊ “A Few Good Men”၊ “Rain Man” နှင့် “Mission: Impossible” ဇာတ်လမ်းတွဲတို့လည်းပါဝင်သည်။
တွမ်ခရုစ်၏ နောက်ဆုံးထွက်ရုပ်ရှင်ကား ဖြစ်သည့် ဘတ်ဂျက်အမြောက်အမြားအသုံးပြုထားသော “Digger” ရုပ်ရှင်ဇာတ်ကားသည် ရုံတင်ဝင် ငွေပိုင်းတွင် အခက်အခဲများနှင့်ကြုံတွေ့ခဲ့ရကြောင်းလည်းသိရသည်။