Pika (NP News) - အောက်တိုဘာလ ၃၁
ကမ္ဘာ့အကြီးဆုံးဒီဂျစ်တယ်ငွေကြေးလဲ လှယ်ရေးပလက်ဖောင်းတစ်ခုဖြစ်သော Binance ကုမ္ပဏီသည် ဆိုက်ဘာတိုက်ခိုက်မှုများကိုခံခဲ့ရပြီး ထိခိုက်ဆုံးရှုံးမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၆ဒသမ၃)ဘီလျံခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။ ဟက်ကာများက ဝန်ထမ်းတစ်ဦး၏လုံခြုံရေး ပိုင်းထိခိုက်ထားသော လက်ပ်တော့တစ်လုံးကို အသုံးပြုကာ ခွင့်ပြုချက်မရှိဘဲ ငွေထုတ်ယူမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း Binance ဘက်က ထုတ်ပြန်ပြောကြားထားသည်။
ကနဦးစုံစမ်းစစ်ဆေးမှုများအရ ဟက်ကာတစ်ဦးက DevOps အင်ဂျင်နီယာတစ်ဦးပိုင်ဆိုင်သည့် လုံခြုံရေးပိုင်း ထိခိုက်ထားသော လက်ပ်တော့မှ တစ်ဆင့် ဝန်ဆောင်မှုစနစ်တစ်ခုထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီးနောက် ခွင့်ပြုချက်များမရှိဘဲ ငွေထုတ်ယူမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်းသိရသည်။ သို့သော်လည်း ဒီဂျစ်တယ်ပိုက်ဆံအိတ်များ၏ လျှို့ဝှ က်ကုဒ်များပေါက်ကြားသွားသည့် သက်သေအထောက် အထားများကို မတွေ့ရှိရသေးကြောင်း Binance ကပြော ကြား ခဲ့ပြီး ဆုံးရှုံးမှုများအားလုံးကို ၎င်းတို့၏အသုံးပြုသူများအတွက် လုံခြုံစိတ်ချရသောပိုင်ဆိုင်မှုရန်ပုံငွေနှင့် ကုမ္ပဏီ၏ ကိုယ်ပိုင်ရန်ပုံငွေများမှ တစ်ဆင့် ပြန်လည်ဖြည့်ဆည်းပေးသွားမည်ဖြစ် ကြောင်း ကတိပြုပြောဆိုခဲ့သည်။ Binance က “စုစုပေါင်းခန့်မှန်းခြေ ဆုံးရှုံးမှုပမာဏက အမေရိကန် ဒေါ်လာ(၆ဒသမ၃)ဘီလျံခန့်ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ blockchain မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပူး ပေါင်းပြီး ထိခိုက်ခံရတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ် ပိတ်ပင်ထားပြီးပြီမို့လို့ လက်ရှိအချိန်အထိ blockchain ကွန်ရက်ပေါ်မှာ အမေရိကန်ဒေါ်လာ(၃)ဘီလျံခန့်ကို ထိန်းချုပ်ပိတ် ပင်ထားနိုင်ပြီပဲဖြစ် ပါတယ်”ဟုပြောဆိုခဲ့သည်။
ထို့ပြင် ဖောက်သည်များ၏ငွေကြေးများမှာ လုံခြုံစိတ်ချရကြောင်း Binance ကပြောကြားခဲ့ပြီး စုံ စမ်းစစ်ဆေးမှု ပြီးဆုံးသွားသည့်အချိန်တွင် အသေး စိတ်လုပ်ထားသောနည်းပညာဆိုင်ရာအစီရင်ခံစာ တစ်ခုကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ချက်ချင်းဆောင်ရွက်ရမည့် ကြို တင်ကာကွယ်မှုတစ်ခုအနေဖြင့် Binance က လုံခြုံရေးစစ်ဆေးမှုများလုပ်ဆောင်နေစဉ်အချိန်အတွင်း ငွေသွင်းခြင်းနှင့် ငွေထုတ်ခြင်းများကို ယာယီရပ်ဆိုင်းထားခဲ့ ကာ ငွေကြေးများကိုခြေရာခံလိုက်ကာ ပြန်လည်ရယူနိုင်ရန်နှင့် ကျူးလွန်သူများကိုဖော်ထုတ်နိုင် ရန်အတွက် ဥပဒေစိုးမိုးရေး အဖွဲ့များနှင့် block chain ဆိုင်ရာ ထောက်လှမ်းရေးကုမ္ပဏီများ၏ အကူအညီများကို ရယူထားကြောင်းသိရသည်။ Binance နှင့် ချိတ်ဆက်ထားသော ဒီဂျစ်တယ်ပိုက်ဆံအိတ်များမှ အမေရိကန်ဒေါ်လာဘီလျံချီတန်ဖိုးရှိသည့် ဒီဂျစ် တယ်ပိုင်ဆိုင်မှုများကို လွှဲပြောင်းမှုများပြုလုပ်ရာတွင် သံသယဖြစ်ဖွယ်ငွေလွှဲပြောင်းမှုများရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် အဆိုပါဆိုက်ဘာတိုက်ခိုက်ခံရမှုပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။
