NP News

အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးကို ရာထူးမှ ထုတ်ပယ်

ဂျန်ဇက် (NP News) - အောက်တိုဘာလ ၃၁

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆီသည် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့၏ မဟာဗျူဟာ၊ အစီအမံနှင့် မူဝါဒရေးရာ ဒါရိုက်တာ (J5)အဖြစ် တာဝန်ထမ်းဆောင်နေသူအမေရိကန်ကြည်းတပ် ဒုတိယဗိုလ်ချုပ်ကြီး ဘရက်ဆီလ် ဗီးယားကို ရာထူးမှ ချက်ချင်း ဖယ်ရှားလိုက်ကြောင်း သိရသည်။
အဆိုပါအရေးယူမှုသည် ပြင်းထန်သော ကျင့်ဝတ်ဖောက်ဖျက်မှုကြောင့်ဖြစ်ပြီး အီရန်စစ်ပွဲနှင့် ရုရှား-ယူကရိန်း စစ်ပွဲဆိုင်ရာ လျှို့ဝှက်အဆင့် သတ်မှတ်ထားသော သတင်းအချက်အလက်များကို မီဒီယာများထံ ပေါက်ကြားစေခဲ့သည် ဟူသောစွပ်စွဲချက်နှင့် ဆက်နွှယ်နေကြောင်းသိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး ဆီလ်ဗီးယားသည် လျှို့ဝှက်အချက်အလက် ပေါက်ကြားမှုဆိုင်ရာ စုံစမ်း စစ်ဆေးမှုအတွင်း မုသားစစ်ဆေးစက်စစ်ဆေးမှု သုံးကြိမ်တိုင် ကျရှုံးခဲ့ကြောင်းသိရသည်။ ထို့ပြင် ပင်တဂွန်စစ်ဌာနချုပ်အတွင်း သတင်း ထောက်များကို စောင့်ကြပ်လိုက်ပါရမည့် စည်းကမ်းချက်များရှိသော်လည်း ၎င်းသည် စစ်ဌာနချုပ်ပြင်ပတွင် သတင်း ထောက်များနှင့် လျှို့ဝှက်တွေ့ဆုံကာ သတင်းအချက် အလက်များ ပေါက်ကြားစေခဲ့သည်ဟု တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ လက်ရှိတွင် အဆိုပါအမှုကို တရားရေးဌာနသို့လွှဲပြောင်းထားပြီး ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေ ကြောင်းသိရသည်။
အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ‘အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်အတွက် အရေးပေါ် အရေးယူဆောင် ရွက်ရန်လိုအပ်ခဲ့ပြီး တစ်စက္ကန့်မျှပင် နှောင့်နှေးကြန့်ကြာလို့ မရတော့ပါ’ ဟု အတည်ပြုခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီး ဆီလ်ဗီးယားသည် အမှတ် (၁၀၁) လေကြောင်းချီတပ်မကြီး (101st Airborne Division) ၏ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး နှစ်ပေါင်း (၃၂) နှစ်ကျော် စစ်မှုထမ်းခဲ့သူ ဖြစ်သည်။ သမ္မတ ဒေါ်နယ် ထရမ့်ကလည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကြီးမားသော ပြဿနာများရှိနေပြီး ရေရှည်ဆိုးကျိုးများရှိလာနိုင် သည်ဟု မှတ်ချက်ပြုခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆီ ရာထူးရယူပြီးနောက်ပိုင်း အဆင့်မြင့် စစ်ဘက်အရာရှိ အများ အပြား ဖယ်ရှားခံခဲ့ရပြီး ဆီလ်ဗီးယားသည် မဟာဗျူဟာနှင့် မူဝါဒရေးရာ (J5) ညွှန်ကြားရေးမှူး ရာထူးမှ ဒုတိယ မြောက်ဖယ်ရှားခံရသူ ဖြစ်လာသည်။ အဆိုပါ ရာထူးမှ ဖယ်ရှားမှုသည် အီရန်နိုင်ငံအပေါ် ထပ်မံတိုက်ခိုက်မှုများ ပြန်လည် စတင်ရန် စဉ်းစားနေချိန်နှင့်လည်း တိုက်ဆိုင်နေ ကြောင်းသိရသည်။

မူရင်းသတင်း — NP News