ဂျန်ဇက် (NP News) - အောက်တိုဘာလ ၃၁
ပါကစ္စတန်နိုင်ငံသည် ၎င်း၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China policy) ကို အခြေခံ၍ တရုတ်တိုင်ပေ လေကြောင်းလိုင်းများအတွက် ၎င်းတို့ နိုင်ငံပိုင်လေကြောင်းပိုင်နက်အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ကြောင်း သိရသည်။ ပါကစ္စတန်နိုင်ငံ၏လေကြောင်းပိုင်နက်ကို တရုတ်လေကြောင်းလိုင်းများမှ လေယာဉ်များအတွက်သာ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Khawaja Asif က သတင်းဌာနသို့ ပြောကြားခဲ့သည်။
ပါကစ္စတန်သည် တရုတ်တိုင်ပေလေ ကြောင်းလိုင်းများအပေါ် အရေးယူဆောင်ရွက်ရသည့် ရည်ရွယ်ချက်အဖြစ် တရုတ်နိုင်ငံ၏ မူဝါဒများကိုထည့်သွင်းဖော်ပြသည့် ပထမဆုံး နိုင်ငံဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ အာရှနှင့် ဥရောပကြား ပျံသန်းနေသော China Airlines နှင့် EVA Airways လေကြောင်းလိုင်းများ၏ လေယာဉ်များသည် အောက်တိုဘာလ (၂၅) ရက်မှစ၍ ပါကစ္စတန်လေကြောင်းပိုင်နက်ကို ရှောင်ရှားပျံ သန်းခဲ့ကြကြောင်း Fligh tradar24 တိုက်ရိုက်ပျံသန်းမှုခြေရာခံစနစ်နှင့် CNA သတင်းတို့ကဖော်ပြထားသည်။ လေယာဉ်အချို့သည် ရုရှားနိုင်ငံ အပေါ်ဘက်ရှိ ပို၍မြောက်ဘက်ကျသော လမ်းကြောင်းမှ တဆင့် ပျံသန်းခဲ့ကြသည်။
အဆိုပါ လမ်းကြောင်းပြောင်း လဲမှုများနှင့်ပတ်သက်၍ လေကြောင်း လိုင်းနှစ်ခုစလုံးက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသော်လည်း ရုရှားလေကြောင်းပိုင်နက်ကို အသုံးပြုရန်လေကြောင်းလိုင်းများကို မည်သည့်အခါမျှ တားမြစ်ပိတ်ပင်ခဲ့ခြင်းမရှိကြောင်း တရုတ်တိုင်ပေမြို့ပြလေကြောင်းစီမံခန့်ခွဲရေးဌာနက မှတ်ချက်ပြု ပြောကြားခဲ့ သည်။
တရုတ်နှင့်တရုတ်တိုင်ပေတို့သည် လက်ရှိအချိန်တွင် အငြင်းပွားလျက်ရှိနေပြီး တရုတ်နိုင်ငံက တရုတ်တိုင်ပေ ကို ၎င်းတို့ ပိုင်နက်ဖြစ်ကြောင်း ပြောဆိုထားပြီး လိုအပ် မည်ဆိုပါက အင်အားသုံးမည် ဟုလည်း သတိ ပေးထားပြီး တရုတ်တိုင်ပေအပေါ် စစ်ရေး၊ နိုင် ငံရေးဖိအားပေးမှုများရှိနေသည်။
ထို့ပြင် တရုတ်နိုင်ငံသည် တရုတ်တိုင်ပေနှင့် သံတမန်ရေးအဆက်သွယ်ရှိနေသည့် နိုင်ငံများကိုလည်း တရုတ် တိုင်ပေနှင့် ကုန်သွယ်ရေး၊ သံတမန်ရေးအဆက်သွယ်မလုပ်ရန် ဖိအားပေးမှု များရှိနေကြောင်း နိုင်ငံတကာမီဒီယာများက ဖော်ပြထားသည်။